ပြည်ပထွက်ခွာခွင့်တွေနဲ့စပ်လျဉ်းပြီး မမှန်မကန် လိမ်လည်တင်ပြလာသူနဲ့ မမှန်မကန် လိမ်လည်မှုတွေမှာ နောက်ကွယ် ကနေ ပါဝင်ကူညီသူတွေကို စုံစမ်းဖော်ထုတ်ပြီး လိမ်လည်တင်ပြသူတွေကို ကာလ သတ်မှတ်ချက်တစ်ခုနဲ့ ပြည်ပ ထွက် ခွာ ခွင့်ပိတ်တာ နဲ့ အမည်မည်းစာရင်း (Blacklist) ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီး ဌာန က မတ် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ဥပဒေ အကာ အကွယ်နဲ့ ဘေးကင်းလုံခြုံစွာ ပြည်ပကို သွားရောက်နိုင်စေရေးအတွက် ရည်ရွယ်ပြီး နိုင်ငံသားတွေ အကျိုး အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ကာ ပြည်ပ ကနေ အမှန်တကယ် ခွင့်ပြန်လာသူတွေ နဲ့ ခွင့်ပြန် အလုပ် သမားတွေအဖြစ် လိမ်လည် တင်ပြသူတွေကို မှန်မှန် ကန်ကန် ခွဲခြားစိစစ်တဲ့အတွက် နိုင်ငံတကာ အလုပ်သမား စံနှုန်းတွေကို မြှင့်တင်ပေးနိုင်သလို မြန်မာရွှေ့ပြောင်း အလုပ် သမားတွေရဲ့ လူမှုဘဝတွေကိုလည်း အပြည့်အဝ အကာအကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။လုပ်ငန်းခွင် အာမခံချက်မရှိဘဲ ခွင့်ပြန်အလုပ်သမားအဖြစ် တရားမဝင် သွားရောက်သူတွေအနေနဲ့ ဥပဒေ ကြောင်းအရ အကာအကွယ်မဲ့တာ ၊ လုပ်အားခေါင်းပုံဖြတ်ခံရတာ နဲ့ ပြည်နှင်ဒဏ်ခံရနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင် လမ်းကြောင်းကနေ သွားရောက်တဲ့ စနစ်ကို ထိန်းသိမ်းနိုင်ဖို့ ဆိုက် ရောက် ချိန်သတင်းပို့တာ၊ အချက်အလက်တွေ စိစစ်တာ နဲ့ ထုတ်ပြန်ကြေညာတာတွေ ပြုလုပ်ပြီးမှသာ ပြည်ပထွက်ခွာ ခွင့်ပြုမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ခွင့်နဲ့ အမှန်တကယ်ပြန်လာတဲ့ အလုပ်သမားတွေ မိမိတို့ရဲ့ လုပ်ငန်းခွင် တွေကို သတ်မှတ်ချိန်အတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် ဆောင်ရွက်ပေးဖို့နဲ့ အထောက် အထား တု တွေနဲ့ ပြည်ပကို တရားမဝင် ထွက်ခွာဖို့ ကြိုးပမ်းမှုတွေကို တားဆီးပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာ စနစ်ကို ပိုမို ခိုင်မာစေပြီး လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှု ဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။




