ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့မှာ ဆိုင်ကယ်ခိုးသူ လေးယောက်ကို မတ်လ ၂၅ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေမှာ ဆိုင်ကယ်ခိုးမှုတွေ ဖြစ်ပွားနေတဲ့အတွက် တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း နှိမ်နင်းရေးဌာနစိတ်ကတပ်ဖွဲ့ဝင်တွေနဲ့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက် နေစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ ပြစ်ဒဏ်ကျခဲ့ဖူးတဲ့ သူ(၁)ယေက်ကို မသင်္ကာဖွယ်တွေ့ရှိရာကနေ စစ်ဆေးရာက ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဆက်လက်စစ်ဆေးရာ ဆိုင်ကယ်ခိုးမှုကျူးလွန်သူ (၃)ယောက်ကို သက်သေခံ ဆိုင်ကယ် (၆)စီးနဲ့အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲဒီ ဆိုင်ကယ်ခိုးယူခဲ့သူ ၄ ယောက်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပြီး ဆိုင်ကယ်ပျောက်ဆုံးသူတွေကို ရှာဖွေကာ ပိုင်ရှင်တွေဆီပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။




