အစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်အခံအဖွဲ့တွေကြား တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဆိုမာလီယာနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးရဲ့ အစိတ်အပိုင်းတွေမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ဇွန်လ ၄ ရက်မှာ ကြားခဲ့ ရတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ရုပ်သံဗီဒီယိုထဲမှာတော့ လူသူကင်းမဲ့နေတဲ့ လမ်းတွေပေါ်မှာ သေနတ်သံတွေ ရံဖန်ရံခါ ကြားရပါတယ်။

လူတွေ လမ်းတစ်ဖက်ကို ပြေးလွှားနေတာကို မြင်တွေ့ရပြီး တချို့က တော့ လမ်းထောင့်မှာ သတိထား စုဝေးနေကြပါတယ်။ တိုက်ပွဲတွေ တစ်ညလုံးဖြစ်ခဲ့ပြီး ဇွန်လ ၄ ရက် ညပိုင်းအထိ ဆက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်အခံတွေ၊ မဟာမိတ်စစ်သွေးကြွ တွေက မြို့ရဲ့အစိတ်အပိုင်းတွေမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ သမ္မတ ဟာဆန်ရှိတ် မိုဟာမတ်ကို ဆန့်ကျင်မဲ့ အစီအစဉ်မတိုင်မီ ပဋိပက္ခတွေ ဖြစ်ခဲ့တာပါ။ သမ္မတဟာ သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ရာထူးသက် တမ်း တိုးခဲ့တယ်လို့ နိုင်ငံရေးပြိုင်ဘက်တွေက စွပ်စွဲခဲ့ကြပါတယ်။




