မန္တလေးတိုင်းဒေသကြီး မိတ္ထီလာစက်မှုဇုန် (၂)လမ်းမှာ မတ်လ(၂၆)ရက် မနက်ပိုင်း ၅ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။

အဲဒီမီးလောင်မှုကို မြို့နယ်မီးသတ်စခန်း၊ နယ်မြေ(၁)အရန်မီးသတ်စခန်း၊ နယ်မြေ(၂)အရန်မီးသတ်စခန်း၊ စက်မှုဇုန်အရန်မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအပြင် မတ်လ(၂၆)ရက် မနက်ပိုင်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်းရှိ မှန်ဘီလူးအမျိုးမျိုး ထုတ်လုပ်တဲ့ စက်ရုံမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါ သေးတယ်။




