ကျိုက်ထီးရိုး တောင်ပေါ်ကို တက်ရောက်ကြမဲ့ ဘုရားဖူးပြည်သူတွေအတွက် ကေဘယ်လ်ကား (၄၄)စီး ပြေးဆွဲ ပေး နေတယ်လို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့က သိရပါတယ်။ဒီလိုပြေးဆွဲရာမှာ တောင်တက်အတွက် လူတစ်ယောက်ကို ကျပ်နှစ်သောင်း၊ တောင်အဆင်းအတွက် တစ်ယောက် ကို ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားပြီး ကေဘယ်လ်ကားတစ်စီးမှာ လူရှစ်ယောက် ဆံ့တယ်လို့ ဆိုပါတယ်။

ကေဘယ်လ်ကားကို လာရောက်စီးကြတဲ့သူတွေက တစ်ခါမှ မစီးဖူးတဲ့သူတွေပဲ လာစီးကြတာဖြစ်ပြီး ရသေ့ တောင်အထိကနေ ရင်ပြင်တော်အထိပဲ ရတယ်ဆိုတော့ စီးတဲ့သူ နည်းနေသေးတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောပါတယ်။ ကေဘယ်လ်ကားကို အောက်တိုဘာ(၁)ရက်ကစပြီး မနက်(၈)နာရီကနေ ညနေ (၄)နာရီအထိ ပြေးဆွဲပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့ အထိ (၇)လတိုင်တိုင် ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။အခုနှစ်မှာ ကျိုက်ထီးရိုးစေတီကို လာရောက်ဖူးမြော်သူတွေဟာ သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အဖိတ်နေ့မှာ ပြည်တွင်းဘုရားဖူး လေးသောင်းကျော်ရှိတယ်လို့ ဂေါပကအဖွဲ့က သိရပါတယ်။




