ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre မှာ ဇွန်လ ၄ ရက်က ကျင်း ပတဲ့ (၂၉) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ဆွေးနွေးပြောကြားရာမှာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ် အခြေခံ အဆောက် အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပို့ကုန် ဦးတည်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင် မှုကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဒုတိယသမ္မတ ဦးညိုစောက ဆွေးနွေးပြောကြားရာမှာ မြန်မာနိုင်ငံဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြီးမားတဲ့အလားအလာတွေ ရှိသလို အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ တောင်အာရှတို့ရဲ့ ဆုံချက်မှာ တည်ရှိတဲ့အတွက် မဟာဗျူဟာမြောက် ထူးခြားတဲ့ ပထဝီဝင်အနေအထားကို ပိုင်ဆိုင်ထားကြောင်း၊ ပစိဖိတ်သမု ဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာတို့အကြား တည်ရှိတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်း ဈေးကွက်တွေကို ချိတ်ဆက်ပေးပြီး ကုန် သွယ်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးပေါင်းစည်းမှုတို့ကို လွယ်ကူချောမွေ့စေတဲ့ သ ဘာဝကုန်းတွင်းတံတား တစ်ခုအဖြစ် တည်ရှိနေတယ်လို့ ပြောပါတယ်။
အခုလို အားသာချက်တွေကို အမိအရ အသုံးချနိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရဟာ ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးနဲ့ စီးပွားရေးလုပ်ကိုင်ရမှု ပတ်ဝန်းကျင်တိုးတက်ကောင်းမွန်စေရေးတို့ကို ဦးတည်တဲ့ မူဝါဒတွေကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။အဲဒီအပြင် မိမိတို့နိုင်ငံဟာ ကုန်ထုတ်စွမ်းအားမြှင့်တင်ဖို့၊ ရိက္ခာလုံခြုံမှု အားကောင်းစေဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ဖို့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေကို ခေတ်မီအောင် ပြုပြင် ပြောင်းလဲနေတဲ့အတွက် အဲဒီကဏ္ဍတွေမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုရရှိဖို့ ကြို ဆိုနေတယ်လို့လည်း ဒုတိယသမ္မတ ဦးညိုစောက ပြောပါတယ်။
အခမ်းအနားကို ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာဂျစ်သမ္မတနိုင်ငံ အစိုးရ အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၃၀ ကျော်က အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စိန့်ပီတာစဘတ်မြို့ မြန်မာကောင်စစ်ဝန် ချုပ်နဲ့ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတွေက အကြီးအကဲတွေ နဲ့ တာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေ တက်ရောက်ကြပါတယ်။

ဒါ့အပြင် ဒုတိယသမ္မတ ဦးညိုစောဟာ ခရီးစဉ်အတွင်း လီနင်ဂရက်ဒေသ အုပ်ချုပ်ရေးမှူးနဲ့ ရုရှားစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကိုလည်း EXPOFORUM Convention and Exhibition Centre မှာ သီးခြားစီ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ လီနင်ဂရက်ဒေသအကြား ပြည်နယ်/ဒေသ အစိုးရအချင်း ချင်း ဆက်ဆံရေးအပြင် ပြည်သူအချင်းချင်းထိတွေ့ ဆက်သွယ်မှုတွေအထိ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး၊ ဗီဇာကင်းလွတ်ခွင့်စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် ခရီး သွားကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိပါတယ်။



