မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတစ်လျှောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကိုအပြီးအပြတ် ရှင်းလင်းဆောင်ရွက်နိုင်ဖို့ ယုံကြည်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း India မီဒီယာတစ်ခုဖြစ်တဲ့ DD India သတင်းဌာနက နယူးဒေလီမြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းစဉ် အခုလို ဖြေကြားခဲ့တာပါ။

မိမိတို့ တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံရေး အပေါ် မူတည်ကာ တောင်းဆိုချက်တွေနဲ့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကိုလည်း ဒီမိုကရေစီစနစ်ကျစွာနဲ့ ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။ဒါ့အပြင် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတစ်လျှောက်မှာ မိုးမကျမီ လုံခြုံရေးအခြေအနေ တိုးတက်အောင် ကြိုးစား ဆောင်ရွက်နေပြီး လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဆိုရင် လက်နက်ကိုင်ကိစ္စတွေ၊ တည်ငြိမ်အေး ချမ်းမှုကိုထိခိုက်နေတဲ့ ကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါး ကိစ္စရပ်တွေဟာ အများကြီး လျှော့ကျသွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။


