မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်မှာ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ်သန်း ပေါင်း (၁၁၀၀၀)ကျော်အထိ တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းဘူးခရိုင် ဘဏ်ခွဲရုံးက သိရပါတယ်။ဒီလိုတိုးမြှင့်ထုတ်ချေးရတာက ဒေသခံတောင်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ အထောက်အကူပြုစေဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို ရက်(၁၀၀)စီမံချက်အတွင်း ထုတ်ချေးပေးခဲ့ရာ ဒီနေ့အထိ ကျေးရွာအုပ်စု ပေါင်း (၁၂) အုပ်စုက တောင်သူပေါင်း ၇၃၆ ယောက်ရဲ့ စပါးသီးနှံ ၁၅၉၇ ဧကနဲ့ နှမ်းသီးနှံ ၂၉၄၈ ဧကအတွက် ချေးငွေ ကျပ်သန်းပေါင်း ၁၂၀၀ ကျော် ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါတယ်။၊အခုနှစ်မှာ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် စပါးသီးနှံ တစ်ဧကကို ငွေကျပ် ၃ သိန်းနှုန်း၊ အခြားသီးနှံ တစ်ဧကကို ငွေကျပ် နှစ်သိန်းခွဲနှုန်းနဲ့ အရင်နှစ်တွေကနှုန်းထားထက်တိုးမြှင့်ထုတ်ချေးနေတာဖြစ်ပြီး ကျန်ရှိနေတဲ့ တောင်သူ တွေကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။မင်းဘူး(စကု)မြို့နယ်မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျေးရွာအုပ်စု ပေါင်း (၆၂)အုပ်စုက တောင်သူပေါင်း အယောက် ၆၅၀၀ ရဲ့ စပါးသီးနှံ ၁၇၅၀၅ ဧကနဲ့ အခြားသီးနှံ ၂၂၉၉၄ ဧက အတွက် ငွေကျပ်သန်းပေါင်း ၁၁၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးဖို့ လျာထားဆောင်ရွက်နေတယ်လို့ သိရပါတယ်။


