အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဆူပူခဲ့တဲ့ သတင်းတွေဟာ မှန်ကန်တယ်လို့ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့တာကို ဇွန်လ ၄ရက်က CNN သတင်းမှာဖော် ပြထားပါ တယ်။ သူတို့နှစ်ဦး ဖုန်းပြောချိန်မှာ ထရမ့်ဟာ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ မာန်မဲ ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဇွန်လ ၃ ရက်မှာတော့ ထရမ့်က သူ့ရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ နေတန်ညာဟုနဲ့ ဖုန်းပြောချိန်မှာ တင်းမာမှုတွေ ရှိခဲ့တယ်ဆိုတာကို ထုတ်ပြောသွားပါတယ်။ လက်ဘနွန်ကို ဆက်ပြီး တိုက်ခိုက်ချင်စိတ်တွေများနေတဲ့ နေတန်ညာဟုကြောင့် သူ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့လည်း ထရမ့်က ဆိုပါတယ်။ အခုအချိန် မှာ တိုက်ခိုက်ချင်စိတ်ကို ရပ်သင့်နေပြီလို့လည်း နေတန်ညာဟုကို သတိပေးခဲ့ကြောင်း ထရမ့်က ပြော ကြားခဲ့ပါတယ်။




