အနာဂတ်နဲ့ ပတ်သက်လို မှတ်ချက်ပေးခဲ့တဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ လာမယ့်ပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ဘူးလို နည်းပြ ရိုစီနီယာက အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ် ၁၆ သင်းအအဆင့်ကနေ ချဲလ်ဆီးအသင်းထွက်ခဲ့ရပြီးနောက် အန်ဇိုက နောက်ရာသီ ချဲလ်ဆီးအသင်း မှာ ဆက်ရှိပါ့မလားဆိုတာ မသိပါဘူးလို ပြောလိုက်တာဖြစ်ပါတယ်။

အန်ဇိုရဲ့ အခုလိုပြောကြားမှုက စည်းကျော် တာဖြစ်တယ်လို ချဲလ်ဆီးအသင်း သတ်မှတ်ခဲ့ပြီး အခုလိုမျိုး ပွဲပယ်လိုက်တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အန်ဇိုအနေနဲ့ စနေညမှာ ကစားမယ့် ပိုဗေးလ်အသင်းနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်၊ ဧပြီလ ၁၂ ရက်နေ့မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ကစားခွင့်ရမှဦ မဟုတ်ဘူးလို နည်းပြ ရိုစီနီယာက အတည်ပြုသွားခဲ့ပါတယ်။

အခုလို ပွဲပယ်လိုက်ပေမယ့် အန်ဇိုအနေနဲ့ ချဲလ်ဆီးအသင်းမှာ ပြန်ကစားခွင့်က ရှိနေပါသေးသလို ဒုတိယအသင်းခေါင်းဆောင် ရာထူးကိုလည်း ဆက်ပေးသွားမှာဖြစ်တယ်လိုလည်း နည်းပြ ရိုစီနီယာက ပြောပါတယ်။ အန်ဇိုဟာ ၂၀၂၃ ဇန်နဝါရီမှာ ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၆၁ ပွဲကစားပေးထားသူဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အခုလို ပွဲပယ်ပြစ်ဒဏ်ချမှတ်မှုက မျှတခြင်းမရှိဘူးလို အန်ဇိုရဲ့ အေးဂျင့်ဖြစ်သူက ဝေဖန်ထားပါတယ်။




