ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ရုရှားရေနံဆိပ်ကမ်းတွေကို ပစ်မှတ်ထားပြီး ယူကရိန်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို Reutersသတင်းမှာဖော်ပြပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် ရုရှားနိုင်ငံ ဘောလ်တစ်ရေနံတင်ပိုမှုဗဟိုချက်တွေဟာ တင်ပိုမှုတွေကို ကိုင်တွယ်နိုင်ခြင်းမရှိသေးဘဲ ပိုကုန်အတွက် အခြားလမ်းကြောင်းတွေကို ရှာဖွေနေရတယ်လို စက်မှုလုပ်ငန်းသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

လက်ရှိ ရေနံချက်စက်ရုံတွေဟာ အခြားပိုကုန်ဆိပ်ကမ်းတွေကို တင်ပိုနိုင်ဖိုအတွက် ပိုမိုစျေးကြီးတဲ့ ရထားပိုဆောင်ရေးလမ်းကြောင်းတွေကို စဉ်းစားနေရတယ်လို ကုန်သည်တွေက ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံအများအပြား ပျက်စီးခဲ့ပြီး ဒါဟာ ၁၀ ရက်အတွင်း Ust-Luga မှာ အနည်းဆုံး ငါးကြိမ် တိုက်ခိုက် ခံခဲ့ရတာဖြစ်ပါတယ်။




