တတိယအကြိမ်ပြည်သူ့လွှတ်တော်ရဲ့ သဘာပတိအဖြစ် ဒဂုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒကျော်စွာ တင်မြှောက်ခံရပါတယ်။ပြည်သူ့လွှတ်တော်ရဲ့ သဘာပတိအဖြစ် လဲချားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်ဝင်းနဲ့ ဒဂုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒကျော်စွာတို့ကို အမည်စာရင်းတင်သွင်းခဲ့ပြီး မဲခွဲရာမှာ ဒေါက်တာနန္ဒကျော်စွာက ၃၄၈ မဲ၊ စိုင်းစိန်ဝင်းက ၂၇ မဲ ရရှိခဲ့တာပါ။

အဲဒီနောက်မှာ သဘာပတိအဖြစ် တင်မြှောက်ခံရတဲ့ ဒေါက်တာနန္ဒကျော်စွာက ကတိသစ္စာပြုပြီး ကတိသစ္စာ ပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားပါတယ်။တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်မှာ စတင်ကျင်းပနေတာ ဖြစ်ပါတယ်။




