တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကို တင်မြှောက်လိုက်ပါတယ်။ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအမည်စာရင်းကို တင်သွင်းလွှာပုံစံနဲ့ တင်သွင်းခဲ့ရာမှာ ဦးမောင်မောင်အုန်းရဲ့ အမည်ပါတဲ့ တင်သွင်းလွှာတစ်စောင်သာ တင်သွင်းခဲ့တာကြောင့် ဦးမောင်မောင်အုန်းကို ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ကြောင်း ပြည်သူ့လွှတ်တော်သဘာပတိ ဒေါက်တာနန္ဒကျော်စွာက ကြေညာပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီကို ရွေးကောက် တင်မြှောက်ထားပါတယ်။တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၆၃)ယောက်နဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အယောက်(၁၁၀)၊ စုစုပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၇၃)ယောက်စလုံး အစည်းအဝေး တက်ရောက်ကြပါတယ်။




