ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ကျုးလွန်သူတွေကို ဖော်ထုတ်အရေးယူ တာတွေဆောင်ရွက်ခဲ့ရာ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီး ခြင်းမှကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့မှုဟာ (၃၃၁)မှုရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကပြောပါတယ်။

ဇန်နဝါရီလ(၂၀)ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒာမာခန်းမမှာပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကအခုလိုပြောကြားခဲ့တာပါ။အရေးယူဆောင်ရွက်မှု၃၀၀ကျော်မှာ တရားခံအမျိုးသား၃၂၄ ယောက်၊ အမျိုးသမီးအဘောက် ၈၀၊ စုစုပေါင်း (၄၀၄)ယောက်ရှိခဲ့ပြီး ဆက်လက်ပြီးလည်း ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့လှုံဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူတာတွေ စဉ်ဆက်မပြတ်ဆောင်ရွက်သွား မှာဖြစ်တယ်လို့ဆိုပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)နဲ့အပိုင်း(၂)တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားတဲ့နေ့ရက်တွေအလိုက် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး မဲရုံတွေကိုဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာရွေးကောက်ပွဲအပိုင်း(၁)မှာ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ တယ်လို့ပြောပါတယ်။၊ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း(၂)မှာလည်း ဆန္ဒမဲလာရောက်ပေးခဲ့သူ ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။




