ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)မှာပါဝင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ မဲရုံပေါင်း၈၆ရုံဖွင့်လှစ်ထားတယ်လို့ ငပုတောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ရက်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပရာမှာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းက မဲဆန္ဒရှင်ပြည်သူတွေလည်း ဆန္ဒမဲလာရောက်ပေးကြတယ်လို့ ဆိုပါတယ်။

ဟိုင်းကြီးကျွန်းမြို့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ( ၆၈၁၂၀ )ဦး ရှိတယ်လို့လည်း သိရပါတယ်။
ဟိုင်းကြီးကျွန်းမြို့မှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခုက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း (၄)ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြတယ်လို့ သိရပါတယ်။




