လက်ရှိ ထိုင်းနိုင်ငံမှာ လွှတ်တော် ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲ ကာလကို ဝင်ရောက်လာချိန် ကြားဖြတ်ဝန်ကြီးချုပ် အနုတင် က သူတို့ အစိုးရ အနေနဲ့ အာဏာကို အပြည့်အဝ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ နဲ့ ကမ္ဘောဒီးယားနယ်စပ် စစ်ဆင်ရေး တွေကို ထိခိုက်မှု မရှိစေနိုင်ကြောင်း ပြောကြားလိုက်တာကို The Nation Thailand သတင်းမှာဖော်ပြထားပါတယ်။

ထိုင်းစစ်တပ် ကလည်း ဝန်ကြီးချုပ် အနုတင်က ကြားဖြတ်အစိုးရ ဟာ တချို့ ချွင်းချက်တွေက လွဲလို့ အာဏာ အပြည့်အဝ ရှိကြောင်း သဘောထားမှတ်ချက် ပေးထား ပါတယ်။ဝန်ကြီးချုပ် အနုတင်က ရွေးကောက်ပွဲကိုလာမယ့် ဖေဖော်ဝါရီ ၈ ရက် မတိုင်ခင် ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့ညနှောင်းပိုင်းက ဝန်ကြီးချုပ် အနုတင် ဟာ ကမ္ဘောဒီးယား ပဋိပက္ခ နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ထရမ့်ရဲ့ ရှေ့မှာ နှစ်နိုင်ငံ အပစ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ကို နှစ်ဘက်စလုံး ပြန်လည်လိုက်နာစေဖို့ ထရမ့်က ဖိအားပေးသွားမှာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ ဥပဒေအရ အောက်လွှတ်တော် ဖျက်သိမ်းပြီးနောက် ရက်ပေါင်း ၄၅ ရက် ကနေ ရက် ၆၀ အတွင်း အထွေထွေရွေးကောက်ပွဲတွေ ကျင်းပရမှာ ဖြစ်ပါတယ်။



