အမေရိကန်ရဲ့ အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဥ် အီရန် လက်ခံရရှိ ထားကြောင့် ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံက ရရှိတဲ့ သတင်းတွေ အရ သိရပါတယ်။ အီရန်ကတော့ အမေရိကန်ဟာ သူ့ဘာသာသူ စေ့စပ်ညှိနှိုင်းနေတယ်လို့ ပြောဆိုလိုက်တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။

လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးတဲ့ အမေရိကန်ရဲ့ ၁၅ ချက်ပါ အစီအစဥ်မှာ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းပေးမယ်၊ အပြန်အလှန်အားဖြင့် အီရန်က နျူကလီးယား စက်ရုံတွေကို ဖျက်သိမ်း ပေးရမယ်လို့ ပါဝင်တယ်လို့ ဆိုပါတယ်။အစ္စရေးဝန်ကြီး တစ်ဦးကလည်း ဒီအစီအစဥ်ဟာ စာရွက်ပေါ်မှာတော့ လှပနေပေမယ့် အီရန်အနေနဲ့ သဘောတူဖို့ ဖြစ်နိုင် ခြေမရှိ ဘူးလို့ ပြောဆိုခဲ့ပါတယ်။အီရန် စစ်ဘက်က ပြောရေးဆိုခွင့်ရှိသူက အစောပိုင်း ပြောကြားရာမှာ အမေရိကန်ဟာ ကိုယ့်ဘသာသာကိုယ် ပြန်လည် ညှိနှိုင်း နေတာ သာ ဖြစ်ကြောင်းနဲ့ “ကျွန်ုပ်တို့လို လူမျိုးက ခင်ဗျားတို့လို လူမျိုးနဲ့ ဘယ်တော့မှ သဘောတူညီမှာ မဟုတ် ဘူး” လို့ ဆိုပါတယ်။




