အီရန်ကြောင့် ပင်လယ်ကွေ့နိုင်ငံတွေ ပျက်စီးဆုံးရှုံးမှုအတွက် အီရန်ရဲ့ပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့ အမေရိကန်က ကြိုးပမ်းနေကြောင်း Reuters သတင်းမှာဖော်ပြပါတယ်။ အီရန်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ပြုပြင်ဖို့အတွက် အမေရိကန်အစိုးရဟာ အီရန်ပိုင်ဆိုင်မှုတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ပြောကြားချက်အရ အီရန်ကြောင့် ပင်လယ်ကွေ့မဟာမိတ်တွေအပေါ် ထိခိုက်နစ်နာမှုတွေအတွက် ကုန်ကျစရိတ်တွေကို ခန့်မှန်းဖို့ အဖွဲ့တစ်ဖွဲ့ကို ညွှန်ကြားခဲ့ပြီး အမေရိကန်ဟာ အနာဂတ်ပျက်စီးဆုံးရှုံးမှုတွေကို ပြုပြင်ဖို့အတွက် အီရန်ပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့ စဉ်းစားသွားမယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သုံးလကြာစစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ အမေရိကန် ပိတ်ဆို့ထားတဲ့ အီရန်ပိုင်ဆိုင်မှု ဒေါ်လာ ၂၄ ဘီလီယံကို ပြန်လည်ပေးမဲ့အပေါ်မူတည်ကြောင်းလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။




