နျူကလီးယားလက်နက်ကို အဆမတန်တိုးချဲ့ဖို့ မြောက်ကိုရီးယားအတည်ပြုထုတ်ပြန်လိုက်တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ညီမ ကင်ယိုဂျုံက မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် ဘယ်တော့မှ နောက်မဆုတ်ကြောင်း ပြောကြားခဲ့ပြီး ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို သည်းခံမှာ မဟုတ်ဘူးလို့ သတိပေးပြောကြားခဲ့တာကိုလည်း နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကင်ယိုဂျုံက တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ပြီးခဲ့တဲ့ မေလထိပ်သီးအစည်းအဝေးအတွင်း နျူကလီးယားဖျက်သိမ်းရေးရည်မှန်းချက်ကို အတည်ပြုခဲ့တယ်ဆိုတဲ့ အမေရိကန်ပြောဆိုချက်တွေဟာ မှားယွင်းနေတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ခုတစ်ပတ်အစောပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ နျူကလီးယားပစ္စည်းထုတ်လုပ်ရေးစက်ရုံအသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါသေးတယ်။




