ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူတွေကို လက်ခံနေရာချတဲ့အစီအစဉ်ကို လူထောင်နဲ့ချီ ကန့်ကွက်မှု ဖြစ်ခဲ့ တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗြိတိန်အစိုးရရဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို စစ်တပ်စခန်းတွေမှာ နေရာချဖို့ ဆိုတဲ့ အစီအစဉ်ကို လူ ၄,၀၀၀ လောက်က East Sussex စီရင်စုနယ်မှာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါသေးတယ်။

ခရိုးဘရော့မြို့ပြင်က စစ်တန်းလျားတွေမှာ ခိုလှုံခွင့်တောင်းခံထားသူ အမျိုးသား ၅၄၀ ကို နေရာထိုင်ခင်း ပေးမယ် ဆိုတဲ့အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။
ခရိုးဘရော့မြို့ဟာ လူဦးရေ ၂ သောင်းဝန်းကျင်သာရှိတဲ့မြို့ ဖြစ်တာကြောင့် ရာနဲ့ချီတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို လက်မခံဖို့ မသင့်လျော်ဘူးလို့ ကန့်ကွက်သူတွေက ပြောပါ တယ်။

စက်တင်ဘာလတုန်းကလည်း ခိုလှုံသူတွေကိုထားတဲ့ဟိုတယ်တစ်ခုကို အုတ်ခဲတွေနဲ့ ပစ်ပေါက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။ လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ခိုလှုံခွင့်တောင်းခံသူတွေ ပို့ဆောင်မှုကို ယာယီ ရပ်ဆိုင်းထားပါတယ်။
ခိုလှုံခွင့်တောင်းခံသူတွေကို ဟိုတယ်တွေမှာ နေရာချထားမဲ့ ကနဦးအစီအစဉ်ကို ရပ်ဆိုင်းဖို့ရှိတာကြောင့် ဗြိတိန် အစိုးရက စစ်တန်းလျားတွေမှာ နေရာချဖို့ လုပ်နေတာပါ။ အခုတော့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက East Sussex နဲ့ Scottish Highlands ဒေသက စစ်တပ်စခန်းတွေမှာ ခိုလှုံခွင့်လျှောက်ထားသူတွေကို နေရာချထားရေး အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ပါတယ်။




