အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို “ မဝေးတော့တဲ့ အနာဂတ် မှာ” အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်ရဲ့ဖိတ်ကြားချက်ကို အမေရိကန် ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့တာဖြစ်ပြီး အစ္စရေးအနေနဲ့ ဆီးရီးယားနဲ့ ခိုင်မာပြီး စစ်မှန်တဲ့ဆွေးနွေးမှုကို ထိန်းသိမ်းသင့်ကြောင်း ထရမ့်က ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်” ဆီးရီးယားနဲ့ အစ္စရေးတို့ဟာ ရှည်လျားပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို အတူတကွ ထိန်းသိမ်းထားသင့် တယ်လို့” ထရမ့်က ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ အစ္စရေးဝန်ကြီးချုပ်ကို အခုဖိတ်ကြားချက်ဟာ သူဒုတိယအကြိမ် ရာထူးပြန်လည်ထမ်းဆောင်ပြီးနောက် ပိုင်း ငါးကြိမ်မြောက် အိမ်ဖြူတော်ခရီးစဉ် ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးရဲ့ပြောကြားချက်အရ နေတန်ယာဟုနဲ့ ထရမ့်တို့ဟာ မကြာသေးခင်က ဟားမတ်စ်တို့ လက်နက် ဖြုတ်သိမ်းရေးနဲ့ ဂါဇာကို စစ်ရေးအရ ဖျက်သိမ်းရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။




