အမေရိကန် • 1 min read
သတင်း

အမေရိကန်၌ မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်အများစု ထိခိုက်

One News

Nov 27, 2026

အမေရိကန်၌ မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်အများစု ထိခိုက်
0 Shares
10 Views

 

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ နိုဝင်ဘာလ ၂၆ က အင်အားပြင်း မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက်ကာလအတွင်းဖြစ်တာကြောင့် လေကြောင်းခရီးစဉ်အများစုသွားလာရေးနဲ့ နေ့စဉ်လူနေမှုဘဝတွေ အကြီးအကျယ် ထိခိုက်ခဲ့တယ်လို့ Reuters သတင်းရဲ့ ဖော်ပြချက်အရသိရပါတယ်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၇၀ အထိရှိခဲ့ပြီး သစ်ပင်ကြီးတွေနဲ့ လျှပ်စစ်ဓာတ် အားလိုင်းတွေ ပြိုလဲပျက်စီးခဲ့တာတွေကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းလုံးရှိ လျှပ်စစ်မီးသုံးစွဲသူ တစ်သန်းနီးပါး မီးပြတ်တောက်မှုအခြေအနေတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။လေကြောင်းခရီးစဉ်တွေလည်း အကြီးအကျယ် ထိခိုက်ခဲ့ပြီး FlightAware ရဲ့ ထုတ်ပြန်ချက်အရ တစ်ရက်တည်းမှာပဲ အမေရိကန်နဲ့ သက်ဆိုင်တဲ့ လေကြောင်းခရီးစဉ်အခု ၄၄၀ ဖျက်သိမ်းခဲ့ရသလို ခရီးစဉ် ၂,၂၀၀ ကျော်လည်း နောက်ကျခဲ့ပါတယ်။

အထူးသဖြင့် ဝါရှင်တန်နဲ့ နယူးယောက်မြို့တစ်ဝိုက်ရှိ အဓိကလေဆိပ်တွေဟာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့နေရာတွေထဲမှာ ပါဝင်ပါတယ်။ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းရိုးတန်းဒေသတချို့မှာ ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။သောကြာနေ့မှာလည်း အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသတချို့မှာ လေတိုက် နှုန်းဟာ တစ်နာရီမှာ ၂၅ မိုင်ကနေ ၃၅ မိုင်အထိ ရှိနိုင်သေးတယ်လို့ အမေရိကန် မိုးလေဝသဌာနက သတိပေးထားပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အမေရိကန်
သတင်း

အမေရိကန်တွင် ဒေါ်လာ ၁ သန်းထီဆု ပေါက်ခဲ့သူကို ICE ဖမ်းဆီး

One News

Nov 26, 2026 25

အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့မှာ ဒေါ်လာ ၁ သန်းထီဆု ပေါက်ခဲ့တဲ့ အယ်လ်ဆာဗေဒိုနိုင်ငံသား အမျိုး သားတစ်ယောက်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့(ICE)က ဖမ်းဆီးလိုက် တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။