ဘောလုံး • 1 min read
သတင်း

ဒဏ်ရာကြောင့် ဟယ်ရီကိန်း ၃ လကြာ နားရမည်

One News

Nov 21, 2026

ဒဏ်ရာကြောင့် ဟယ်ရီကိန်း ၃ လကြာ နားရမည်
0 Shares
13 Views

 

သောကြာနေ့ညက ကစားခဲ့တဲ့ ကိုလုံးအသင်းနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့တဲ့ ဘိုင်ယန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၃ လလောက် အနားယူရမှာ ဖြစ်တာကြောင့် ၂၀၂၆ ခုနှစ်အတွင်း ကစားဖို့ရှိနေတဲ့ ပွဲစဉ်အားလုံးကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ရွှေဘောလုံးဆုရှင် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကိုလုံးအသင်းနဲ့ ကစားတဲ့ပွဲမှာ အသင်းအတွက် ဂိုးရဖို့ ကြိုးစားရင်းနဲ့ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ဟယ်ရီကိန်း ဆက်မကစားနိုင်တော့တဲ့အတွက် မိနစ် ၂၀ မှာပဲ လူစားလဲခဲ့ရသလို ဘိုင်ယန်အသင်းကလည်း အိမ်ကွင်းမှာ ကိုလုံးအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။
ဘိုင်ယန်အသင်းက ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဟယ်ရီကိန်းရဲ့ ဒဏ်ရာက အရွတ်ကိုထိခိုက်မိတဲ့ ဒဏ်ရာ အမျိုးအစားဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး လာမယ့်လအနည်းငယ်အတွင်း ကစားနိုင်ဦးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘိုင်ယန်အားကစားဒါရိုက်တာ မက်စ်အာဘယ်ကတော့ ဟယ်ရီကိန်းက ၃ လလောက်အနားယူရဖွယ်ရှိတယ်လို့ ခန့်မှန်းပြောကြားသွားခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ကိန်းဟာ အရင်ကလည်း ခြေချင်းဝတ်ဒဏ်ရာနဲ့ ပတ်သက်လို့ မှတ်တမ်းတွေရှိထားခဲ့ဖူးတာဖြစ်ပါတယ်။အခုလို ဒဏ်ရာရခဲ့တာကြောင့် ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြည်တွင်းပွဲတွေအပြင် ကစားဖို့ကျန်ရှိ နေသေးတဲ့ ချန်ပီယံလိဂ် League Phase ရဲ့ လက်ကျန်ပွဲစဉ် ၄ ပွဲလုံးကိုလည်း လွဲချော်ရတော့မှာဖြစ်ပါတယ်။တကယ်လို့ ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ခဲ့မယ်ဆိုရင်တောင် ဖေဖော်ဝါရီမှာ စတင်ကစားရမယ့် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ဟယ်ရီကိန်းပါဝင်ကစားနိုင်ဖို့ မသေချာဘူးလို့ သိရပါ
တယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

လေ့ကျင့်ရေးကို ဒရုန်းဖြင့် ရိုက်ကူးမှု တရားမဝင် သတ်မှတ်သင့်

One News

Nov 21, 2026 11

အသင်းတစ်သင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ဒရုန်းနဲ့ ရိုက်ကူးမှုကို တရားမဝင် လုပ်ရပ်အဖြစ် သတ်မှတ်သင့်တယ်လို့ လီဗာပူးအသင်းနည်းပြ အိုင်ရာအိုလာက ပြောဆိုလိုက်ပါတယ်။