ဘလတ်တာထက် အင်ဖန်တီနိုက ပိုဆိုးဟု ကလော့ပ် မှတ်ချက်ပြု
One News
Nov 17, 2026
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ လက်ရှိအခြေအနေက ဆပ် ဘလတ်တာ လက်ထက်ကထက် ပိုဆိုးတဲ့ အခြေ အနေကို ရောက်နေပြီး လက်ရှိဥက္ကဋ္ဌ အင်ဖန်တီနိုကို အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်နေပြီလို့ ဂျာမနီအသင်း နည်းပြ ကလော့ပ်က မှတ်ချက်ပြုလိုက်ပါတယ်။
ဖီဖာ ဥက္ကဋ္ဌဟောင်း ဘလတ်တာဟာ ၂၀၁၅ ခုနှစ်က အကျင့်ပျက်ခြစားမှုမှာ ပါဝင်ခဲ့တာကြောင့် ဥက္ကဋ္ဌ ရာထူး ကနေ နုတ်ထွက်ပေးခဲ့ရပြီး လက်ရှိဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ ရာထူးကို ရယူခဲ့တာ ဖြစ်ပါတယ်။
အင်ဖန်တီနိုဟာ လာမယ့်နှစ် မတ်လမှာ ကျင်းပမယ့် ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် ကမ္ဘာ့ ဖလားပြိုင်ပွဲအပါအဝင် ဖီဖာကကျင်းပတဲ့ အဓိကပြိုင်ပွဲကြီးတွေရဲ့ ရှယ်ယာတွေကို ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူတွေ ဆီကို ရောင်းချမယ့် အဆိုပြုချက်ကြောင့် ထောက်ခံမှုနှုန်းကျဆင်းနေပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘောလုံးလောကအကြောင်းကို သူ့ထက်အများကြီး ပိုသိတဲ့သူတွေရှိပြီး အခုချိန်မှာ အပြောင်းအလဲ တစ်ခုခုကို လုပ်သင့်ပြီဆိုတာကို နားလည်သဘောပေါက်ကြပါလိမ့်မယ်လို့ ကလော့ပ်က ပြောသွားပါတယ်။ အင်ဖန်တီနိုနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ သူ့နောက်မှာ တာဝန်ယူမယ့််သူက အခုထက်ပိုကောင်းအောင် လုပ်နိုင်ပါ လိမ့်မယ်လို့လည်း ကလော့ပ်က သုံးသပ်သွားခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ဒဏ်ရာကြောင့် အင်တာမီလန်သို့ အကန်ဂျီ ပြန်ရောက်လာ
One News
Nov 16, 2026 20ဆွစ်ဇာလန်အသင်းနောက်ခံလူ အကန်ဂျီဟာ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းကနေ ထွက်ခွာလာခဲ့ပြီး တနင်္လာနေ့မှာ အင်တာမီလန်အသင်းကို ပြန်ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။