ဘောလုံး • 1 min read
သတင်း

တိုက်စစ်မှူး ဗာရီလာကို အသင်းကြီးများ စိတ်ဝင်စားနေ

One News

Nov 20, 2026

တိုက်စစ်မှူး ဗာရီလာကို အသင်းကြီးများ စိတ်ဝင်စားနေ
0 Shares
13 Views

 

အခုရာသီ စီးရီးအေမှာ ဂိုးသွင်းစွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ မွန်ဇာအသင်းက တိုက်စစ်မှူး ဗာရီလာကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ လီဗာပူးအပါအဝင် ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ဗာရီလာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘင်ဖီကာ အသင်းကနေ မွန်ဇာအသင်းကို ၄ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပေမယ့် စီးရီးအေမှာ ခြေစွမ်းပြနေပြီး ရာသီအစ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဗာရီလာရဲ့ ထူးခြားတဲ့ ဂိုးသွင်းနိုင်စွမ်းနဲ့ တိုးတက်လာမှုတွေကြောင့် ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စား တာကို ခံလာရပြီးနောက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မွန်ဇာကနေ ထွက်ခွာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဗာရီလာရဲ့ တိုးတက်လာတဲ့ခြေစွမ်းတွေကြောင့် ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ဂျီးဆပ်ရဲ့ နိုဝင်ဘာလ အတွင်း ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် လက်ရွေးစင်အသင်းလူစာရင်းမှာ ခေါ်ယူတာကို ခံခဲ့ရပါတယ်။ 
သတင်းတွေအရ လီဗာပူးအသင်းဟာ ဗာရီလာကို ခေါ်ယူနိုင်ရေး ကြိုးပမ်းမှုမှာ အသာစီး ရယူနိုင်ဖို့အတွက် ဗာရီလာရဲ့ခြေစွမ်းကို စောင့်ကြည့်အကဲဖြတ်ဖို့ ကင်းထောက်တစ်ယောက်ကို အီတလီနိုင်ငံကို စေလွှတ်ထားတယ် လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

မန်ချက်စတာ၏ အအောင်မြင်ဆုံးအသင်း ပြန်ဖြစ်ရန် ပိုချက်တီနို ရည်ရွယ်

One News

Nov 19, 2026 20

မန်ယူအသင်းကို မန်ချက်စတာမြို့ရဲ့ အအောင်မြင်ဆုံးကလပ်အသင်းအဖြစ် ပြန်ဖြစ်လာစေဖို့ ရည်ရွယ်ထားတဲ့ နည်းပြပိုချက်တီနိုက အချိန်ဖြုန်းနေစရာ အကြောင်းမရှိဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။