မန်ချက်စတာ၏ အအောင်မြင်ဆုံးအသင်း ပြန်ဖြစ်ရန် ပိုချက်တီနို ရည်ရွယ်
One News
Nov 19, 2026
မန်ယူအသင်းကို မန်ချက်စတာမြို့ရဲ့ အအောင်မြင်ဆုံးကလပ်အသင်းအဖြစ် ပြန်ဖြစ်လာစေဖို့ ရည်ရွယ်ထားတဲ့ နည်းပြပိုချက်တီနိုက အချိန်ဖြုန်းနေစရာ အကြောင်းမရှိဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တဲ့ နည်းပြပိုချက်တီနိုဟာ ဗုဒ္ဓဟူးနေ့က မန်ယူအသင်း ကို ရောက်လာခဲ့ပြီး နည်းပြတာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ပိုချက်တီနိုနဲ့ အင်တာဗျူးမှာ မန်စီးတီးကစားသမားဟောင်း ဘီယက်စလေက မန်ချက်စတာက အမြဲတမ်း အပြာရောင်ဖြစ်နေမှာပါလို့ နောက်ပြောင်ခဲ့တာကို ပိုချက်တီနိုက သူ့ကို အချိန်ပေးမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲသွားပါလိမ့်မယ်လို့ ပြန်ပြောသွားခဲ့ပါတယ်။
အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ ဆောက်သမ်တန်၊ စပါးနဲ့ ချဲလ်ဆီးအသင်းတို့ကို တာဝန်ယူခဲ့ဖူးတဲ့ ပိုချက်တီနို ဟာ အင်္ဂါညက ကစားခဲ့တဲ့ ဟေတီအသင်းနဲ့ပွဲမှာ အမေရိကန်အသင်းကို နောက်ဆုံးပွဲအဖြစ် တာဝန်ယူခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေညမှာ မန်ယူနည်းပြဘဝ ပထမဆုံးပွဲအဖြစ် လီဗာပူးနဲ့ပွဲကို တာဝန်ယူရမှာဖြစ်တဲ့ ပိုချက်တီနိုက သူ့မှာ ဖြုန်းစရာ အချိန်မရှိဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ဘလတ်တာထက် အင်ဖန်တီနိုက ပိုဆိုးဟု ကလော့ပ် မှတ်ချက်ပြု
One News
Nov 17, 2026 16ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ လက်ရှိအခြေအနေက ဆပ် ဘလတ်တာ လက်ထက်ကထက် ပိုဆိုးတဲ့ အခြေ အနေကို ရောက်နေပြီး လက်ရှိဥက္ကဋ္ဌ အင်ဖန်တီနိုကို အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်နေပြီလို့ ဂျာမနီအသင်း နည်းပြ ကလော့ပ်က မှတ်ချက်ပြုလိုက်ပါတယ်။