အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃၀၀ ကျော် ဖမ်းမိ
One News
Nov 24, 2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား ၃၂၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီးမှာ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ ကျူးလွန်လုပ်ကိုင်နေကြောင်း သတင်းအရ စုံစမ်းရှာဖွေဖော်ထုတ်မှုတွေ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်၊ မနက် ၆ နာရီခွဲအချိန်ခန့်က ဝမ်ပုံကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၁၈၀၀ ခန့် အကွာမှာ အလျားပေ ၁၅၀ ၊ အနံပေ ၃၀ ရှိ ယာယီအလုပ်ရုံမိုးကာတဲ ၅ လုံးနဲ့ ယာယီလူနေမိုးကာတဲ ၄ လုံး၊ အလျားပေ ၆၀ ၊ အနံပေ ၃၀ ရှိ ယာယီလူနေမိုးကာတဲ ၄ လုံး၊ အလျားပေ ၁၀၀၊ အနံပေ ၅၀ ရှိ ယာယီစား ချက်ဆောင် ၁ လုံးနဲ့ ယာယီစတိုဆောင် ၁ လုံးတို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၀၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသမီး ၂၁ ယောက်တို့ကို ကျည် အိမ်အပါ သေနတ် ၈ လက်နဲ့ ကျည်တွေ၊ power station အကြီး အလတ် အသေး ၂၃ လုံး၊ ကွန်ပျူတာနဲ့ ဖုန်းမျိုးစုံအလုံး ၇၀ကျော်၊ Starlink ဗန်း ၃၃ ခု၊ Rounder အခု ၃၀ ၊Air Coolerတွေ၊ မော်တော်ယာဉ် ၄ စီးနဲ့ ထမင်းပေါင်းစက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စိစစ်မေးမြန်းချက်အရ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေဟာ တရုတ်နိုင်ငံရှိ ပြည်နယ်အသီးသီးမှာ နေထိုင် ကြပြီး ကျပန်းလုပ်ကိုင်နေကြသူတွေဖြစ်ကာ Tiktok ၊ Telegram ၊ QQ စတဲ့ လူမှုကွန်ရက်တွေကနေ တစ်ဆင့်ချိတ်ဆက်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်ဖို့ မြန်မာနိုင်ငံကိုတရားမဝင် ဝင်ရောက်လာခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်နေတာဟာ ရက်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပြီး wechat ၊ MO MO ၊ QQ စတဲ့လူမှုကွန်ရက်တွေကနေတစ်ဆင့် တရုတ်နိုင်ငံရှိ ငွေကြေးကြွယ်ဝချမ်းသာသူတွေကို အဓိက ပစ်မှတ်ထားရှာဖွေရပြီး ခင်မင်ရင်းနှီးမှုတွေတည်ဆောက်ကာ အကျိုးတူစီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လာ စေရေးစည်းရုံးတာတွေပြုလုပ်ရကာ ပစ်မှတ်တွေကနေအရင်းအနှီးတွေထည့်ဝင်လာတဲ့အခါ အဆက်အသွယ် ဖြတ်တောက်တာတွေပြုလုပ်ရတယ်လို့ သိရပါတယ်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေလုပ်ကိုင်ခဲ့တဲ့ ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့စစ်ဆေးမှုတွေဆောင် ရွက်ပြီးစီးရင် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး သိမ်းဆည်း ရမိတဲ့လုပ်ငန်းသုံးပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ် တယ်လို့လည်း သိရပါတယ်၊။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ရန်ကင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၁၆ ဦးကို ဖမ်းမိ
One News
Nov 24, 2026 3ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ရန်ကင်းလမ်းရှိ Golden City အိမ်ရာမှာ နိုဝင်ဘာ လ ၂၂ ရက်က အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၆ ယောက်ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာမှာအသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။