ဒေါပုံ၌ ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
One News
Nov 20, 2026
ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်မှာ နိုဝင်ဘာလ ၁၃ ရက်က ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်၊ မြို့မလမ်းမှာ မောင်အေးထွန်းနဲ့ ထွန်းချေ(ခေါ်)ဒေါင်းချေတို့ကို HONDA CRV အမျိုးအစား မော်တော် ယာဉ်နဲ့အတူ တွေ့ရှိခဲ့တဲ့အတွက် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ကနေ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၀၀၀,၀၀၀ ကျော်နဲ့ လက်ကိုင်ဖုန်း ၃ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အမှုကိုစစ်ဆေးဖော်ထုတ်ချက်အရ အဲဒီစိတ်ကြွဆေးပြားတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ ကျော်ဝင်း(ခေါ်)ကျော်ဝင်းချေကိုလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ ကွက်သစ်လမ်းမှာ ထပ်မံဖမ်းဆီးရမိခဲ့ပြီး သူတို့ ၃ ယောက်ကို ဒေါပုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသလို ကွင်းဆက်တရားခံတွေကိုလည်း ရှာဖွေဖော်ထုတ်နေ တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
လှည်းကူး၌ ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
One News
Nov 21, 2026 8လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာမှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။