ရာဇဝတ်မှု • 1 min read
သတင်း

လှည်းကူး၌ ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

One News

Nov 21, 2026

လှည်းကူး၌ ကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
0 Shares
8 Views

 


လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာမှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေ တွေနဲ့အတူ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာနေ မင်းထက်အောင်(ခေါ်)ကိုထက်ရဲ့နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။အဲဒီလိုရှာဖွေရာမှာ နေအိမ်အတွင်းကနေ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁,၀၀၀,၀၀၀ နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစိတ်ကြွဆေးပြားတွေကို သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်ကြတဲ့ သီဟအောင်(ခေါ်) သီဟ၊ ရဲထိုက်အောင်(ခေါ်) ရဲထိုက်၊ ခန့်မင်း(ခေါ်)အကြီးကောင်နဲ့ ဇော်မျိုးတို့ကိုလည်း လှည်းကူးမြို့နယ်၊ မင်းလွင် ကုန်းကျေးရွာအနီးမှာ  မော်တော်ယာဉ် ၁ စီးနဲ့အတူ လက်ကိုင်ဖုန်း ၅ လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပူးပေါင်းပါဝင်သူတစ်ယောက်ဖြစ်တဲ့ သန်းကိုကို ကိုလည်းလှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအနီး မှာလက်ကိုင်ဖုန်း ၂ လုံးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တဲ့အတွက် အဲဒီ ၆ယောက်ကို လှည်းကူးမြို့မရဲစခန်းမှာ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ရာဇဝတ်မှု
သတင်း

ဒေါပုံ၌ ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

One News

Nov 20, 2026 15

ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်မှာ နိုဝင်ဘာလ ၁၃ ရက်က ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။