ရာဇဝတ်မှု • 1 min read
သတင်း

ရန်ကင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၁၆ ဦးကို ဖမ်းမိ

One News

Nov 24, 2026

ရန်ကင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၁၆ ဦးကို ဖမ်းမိ
0 Shares
6 Views


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ရန်ကင်းလမ်းရှိ Golden City အိမ်ရာမှာ နိုဝင်ဘာ လ ၂၂ ရက်က အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၆ ယောက်ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာမှာအသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ လူမှုစီးပွားဘဝတွေကို ပျက်စီးစေတဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်တာတွေကို ထိရောက်ပြင်းထန်စွာ ဖမ်းဆီးအရေးယူမှုတွေဆောင်ရွက်နေရာကနေ အခုလို ထပ်မံဖမ်းဆီးရမိတာဖြစ်ပါတယ်။ ရန်ကင်းမြို့နယ်ရှိ အမှတ် ၁ ရပ်ကွက်အတွင်းမှာ အွန်လိုင်းလိမ်လည် လောင်းက စားမှုတွေ ကျူးလွန်လုပ်ကိုင်နေ ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေ ဖော်ထုတ်မှုတွေဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက်၊ ည ၁၀ နာရီခန့်က ရန်ကင်းလမ်း၊ Golden City အိမ်ရာရှိ တိုက်အမှတ် ၃ ၊ ၁၆ လွှာ၊ အခန်းအမှတ် ၁၆၀၂ အတွင်းကနေ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေလုပ်ကိုင် နေတဲ့အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာမှာ အသုံးပြုတဲ့ Laptop ၁ လုံး၊ Printer ၁ လုံး၊ Tablet ၁ လုံး၊ ဖုန်းမျိုးစုံ ၁၄ လုံး၊ Wifi စက် ၁ လုံး၊ ငွေကျပ် ၁၀ သိန်းတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ည ၁၁ နာရီခန့်မှာ တိုက်အမှတ် ၁ ၊ ၃၂ လွှာရှိ အခန်းအမှတ် ၃၂၀၁ အတွင်းကနေ အွန်လိုင်းလိမ် လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေတဲ့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ကို Laptop ၁၃ လုံး၊ Tablet ၂ လုံး၊ Wifi စက် ၂ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ CCTV စက် ၁ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့သလို ည ၁၁ နာရီ မိနစ် ၅၀ ခန့်မှာလည်း တိုက်အမှတ် ၄၊ ၆ လွှာရှိ အခန်းအမှတ် ၀၆၀၂ အတွင်းကနေ အမျိုးသမီး ၃ ယောက်ကို Laptop ၁ လုံး၊ ဖုန်းမျိုးစုံ ၅ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဖမ်ဆီးရမိသူတွေကို ကနဦးစိစစ်မေးမြန်းချက်တွေအရ အဲဒီအခန်းတွေကို တိုက်အမှတ် ၅၊ အခန်းအမှတ် ၂၇၀၂ မှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားမစ္စတာ ကျန်းဟုန်ဖန်းက ငှားရမ်းပေးထားတာဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်း ကစားမှုပြုလုပ်ရာမှာ ပစ်မှတ်တွေကို Customer Service အဖြစ် ဆောင်ရွက်ပေးရကြောင်းနဲ့ သိမ်းဆည်းရမိတဲ့ Laptop နဲ့ ဖုန်းတွေအတွင်းမှာ Zaw Play.Com (Myanmar Online Casino Slots & Sports Betting) အွန်လိုင်း စလော့ဂိမ်းလောင်းကစားပြုလုပ်နေတာကို ကနဦးစစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီအွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ကိုင်ခဲ့တဲ့ ဖမ်းဆီးရမိသူ ၁၆ ယောက်ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးစီးရင် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး သိမ်း ဆည်းရမိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ မစိုးရိမ် ကျောင်းလမ်းက နေအိမ်တစ်အိမ်မှာ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့သူ ၁၀၅ ယောက်ကို လုပ်ငန်း သုံးပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပါသေးတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ရာဇဝတ်မှု
သတင်း

အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃၀၀ ကျော် ဖမ်းမိ

One News

Nov 24, 2026 6

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား ၃၂၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။