အမေရိကန် • 1 min read
သတင်း

APEC အစည်းအဝေး၌ AI နည်းပညာအန္တရာယ် သတိထားရန် ထရမ့် ပြော

One News

Nov 19, 2026

APEC အစည်းအဝေး၌ AI နည်းပညာအန္တရာယ် သတိထားရန် ထရမ့် ပြော
0 Shares
12 Views

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ APEC ထိပ်သီးအစည်းအဝေး မိန့်ခွန်းပြောကြားရာမှာ (AI)နည်းပညာရဲ့ အလားအလာက အလွန်ကြီးမားပေမယ့် သေချာဂရုစိုက်ပြီး စီမံခန့်ခွဲဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တာကို BBC သတင်းမှာ ဖော်ပြထားပါတယ်။

“ဒီနည်းပညာကို သေချာစောင့်ကြည့်ဖို့နဲ့ သတိထားဖို့ လိုသလို တန်ဖိုးထားဖို့လည်း လိုပါတယ်။ AI နည်းပညာဟာ အများအားဖြင့် ကောင်းကျိုးတွေပဲ ရှိတယ်လို့ ဆိုပေမယ့် အန္တရာယ်တချို့လည်း ရှိနေတယ်”လို့ ထရမ့်က ပြောပါ တယ်။ ဒါပေမဲ့ AI လုပ်ငန်းရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်တာ ကိုတော့ ထရမ့်က ကန့်ကွက်ခဲ့ပါတယ်။စည်းမျဉ်းတွေ အလွန်အကျွံ တင်းကျပ်လိုက်မယ်ဆိုရင် နည်းပညာဆန်းသစ်တီထွင်မှုတွေကို အဟန့်အတား ဖြစ်စေပြီး တိုးတက်မှုကို ရပ်တန့်သွားစေနိုင်တယ်လို့လည်း ထရမ့်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန် စီးပွားရေးအခြေအနေကိုလည်း ချီးကျူးပြောဆိုခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပနေတဲ့ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ သမိုင်းဝင် သုံးနိုင်ငံခေါင်းဆောင်များ တွေ့ဆုံပွဲအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှု မြင့်တက်နေ ပါတယ်။ ယူကရိန်းစစ်ပွဲ၊ အီရန်အရေး၊ ကုန်သွယ်ရေးနဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ တင်းမာမှုတွေ ရှိနေချိန်မှာ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံ သုံးနိုင်ငံရဲ့ ခေါင်းဆောင်တွေ အခုလို တစ်နေရာတည်းမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အမေရိကန်
သတင်း

APEC ၌ ထရမ့်၏ဩဇာ လျော့ကျနိုင်ဟု စီးပွားရေးပညာရှင် သုံးသပ်

One News

Nov 19, 2026 10

ပြင်သစ်ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် အလီစီယာ ဂါစီယာ-ဟာရဲရိုက အခုကျင်းပနေတဲ့ APEC ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သိပ်ပြီး ထင်ထင်ရှားရှား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။