အမေရိကန် • 1 min read
သတင်း

အမေရိကန်အဝေးပြေးလမ်းမများပေါ် Robotaxi ပြေးဆွဲမှု Waymoယာယီရပ်ဆိုင်း

One News

Nov 19, 2026

အမေရိကန်အဝေးပြေးလမ်းမများပေါ် Robotaxi ပြေးဆွဲမှု Waymoယာယီရပ်ဆိုင်း
0 Shares
7 Views

 

 

Alphabet ကုမ္ပဏီပိုင် ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Waymo ဟာ အမေရိကန်တစ်ဝန်း အဝေးပြေးလမ်းမတွေပေါ်မှာ Robotaxi ပြေးဆွဲမှုတွေကို ယာယီရပ်ဆိုင်းလိုက်ပြီလို့ အင်္ဂါနေ့မှာ ကြေညာခဲ့ကြောင်း Reuters  သတင်းမှာဖော်ပြပါတယ်။

ဒီလိုရပ်ဆိုင်းရတာဟာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မော်တော်ယာဉ်ဆိုင်ရာ စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့က Waymo ရဲ့ မောင်းသူမဲ့ယာဉ်တွေကို ပြည်နယ်အတွင်း အဝေးပြေးလမ်းမတွေပေါ် မောင်းနှင်ခွင့်ပိတ်ပင်လိုက်တာကြောင့် ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ နိုင်ငံတကာဈေးကွက်တွေမှာ ဝန်ဆောင်မှုတွေ အရှိန်အဟုန်နဲ့ တိုးချဲ့ဖို့ ကြိုးပမ်းနေတဲ့ Waymo အတွက် အခက်အခဲတစ်ခု ဖြစ်လာပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တားမြစ်ချက်ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး Waymo ရဲ့ Robotaxi ယာဉ်တွေဟာ လမ်းပြုပြင်ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်နေရာတွေထဲကို ဝင်ရောက်မောင်းနှင်ခဲ့တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ဖြစ်တယ်လို့ California Department of Motor Vehicles (DMV) က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယား DMV ကတော့ မောင်းသူမဲ့ Robotaxi တွေရဲ့အဝေးပြေးလမ်းမ‌ပေါ်မှာ မောင်းနှင်မှုတွေဟာ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်‌ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် Waymo ဟာ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုတည်းမှာသာမက သူတို့ဝန်ဆောင်မှုပေးနေတဲ့ အခြားဈေးကွက်တွေမှာပါ အဝေးပြေးလမ်းမပေါ် မောင်းနှင်မှုတွေကို ယာယီကန့်သတ်လိုက်တာဖြစ်ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အမေရိကန်
သတင်း

APEC ၌ ထရမ့်၏ဩဇာ လျော့ကျနိုင်ဟု စီးပွားရေးပညာရှင် သုံးသပ်

One News

Nov 19, 2026 10

ပြင်သစ်ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် အလီစီယာ ဂါစီယာ-ဟာရဲရိုက အခုကျင်းပနေတဲ့ APEC ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သိပ်ပြီး ထင်ထင်ရှားရှား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။