ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ပုဂံမာရသွန် အပြေးပြိုင်ပွဲကျင်းပ
One News
Nov 23, 2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အာနန္ဒာဘုရား တောင်ဘက်မုခ် ကွင်းပြင်မှာ ပုဂံမာရသွန်ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်၊နံနက် ၅ နာရီခွဲအချိန်က စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ပုဂံမာရသွန်အပြေးပြိုင်ပွဲမှာ ၁၀ ကီလိုမီတာ၊ ၂၁ ကီလိုမီတာနဲ့ ၄၂ ကီလိုမီတာပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး အပြေးပြိုင်ပွဲကို နံနက် ၅ နာရီ ၄၀ မိနစ်မှာ တာဝန်ရှိသူတွေက အလံတွေဝှေ့ရမ်းကာ တာလွှတ်ပေးခဲ့ ကြပါတယ်။
အခုနှစ် ပုဂံမာရသွန်ပြိုင်ပွဲရဲ့ ၁၀ ကီလိုမီတာတန်းမှာ အမျိုးသား၊အမျိုးသမီးပြိုင်ပွဲဝင် ၅၈၆ ဦး၊ ၂၁ ကီလိုမီတာတန်းမှာ အမျိုးသား၊အမျိုးသမီးပြိုင်ပွဲဝင် ၃၉၂ ဦး၊ ၄၂ ကီလိုမီတာတန်းမှာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင် ၁၂၅ ဦး စုစုပေါင်း ပြိုင်ပွဲ၀င် ၁၁၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နိုင်ငံခြားသား ပြိုင်ပွဲဝင် ၃၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြိုင်ပွဲမှာ ၁၀ ကီလိုမီတာ အမျိုးသားနှင့်အမျိုးသမီး ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်း၊ ၂၁ ကီလိုမီတာ အမျိုးသားနှင့်အမျိုးသမီး ပထမဆု ၇ သိန်း၊ ဒုတိယဆု ၅ သိန်း၊ တတိယဆု ၃ သိန်း၊ ၄၂ ကီလိုမီတာ အမျိုးသား/အမျိုးသမီး ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၅ သိန်း နဲ့ လက်ဆောင်ပစ္စည်းတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော် ကျင်းပ
One News
Nov 21, 2026 23ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်မှာ ၂၀၂၆ ခုနှစ် တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော် နဲ့ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၁ ရက်က စတင် ကျင်းပနေပါတယ်။