အမေရိကန် • 1 min read
သတင်း

ရာသီဥတုကြောင့် Macy’s Thanksgiving Day Parade ပွဲတော် ရွှေ့ဆိုင်း

One News

Nov 26, 2026

ရာသီဥတုကြောင့် Macy’s Thanksgiving Day Parade ပွဲတော် ရွှေ့ဆိုင်း
0 Shares
10 Views

 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နာမည်ကြီး Macy’s Thanksgiving Day Parade ပွဲတော်ကို လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်တဲ့ အခြေအနေကြောင့် နှစ်ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

ဒီပွဲတော်ဟာ ၂၀၂၆ ခုနှစ်မှာ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမယ့်ပွဲဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရွှေ့ဆိုင်းရတာဟာ နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ Macy’s Thanksgiving Day Parade ဟာ အမေရိကန်ရဲ့ Thanksgiving အားလပ်ရက်နဲ့အတူ တွဲဖက်ကျင်းပလာတဲ့ အစဉ်အလာကြီးတစ်ခု ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကာတွန်းဇာတ်ကောင်တွေရဲ့ ပုံစံအတိုင်း ပြုလုပ်ထားတဲ့ လေပူဖောင်းအကြီးစားတွေ၊ တီးဝိုင်းအဖွဲ့တွေ၊ လူရွှင်တော်တွေ၊ အကနဲ့ အားပေးဖျော်ဖြေရေးအဖွဲ့တွေ၊ နာမည်ကြီးအဆိုတော်တွေရဲ့ တိုက်ရိုက်ဖျော်ဖြေမှုတွေ ပါဝင်ပါတယ်။

အမေရိကန်တစ်နိုင်ငံလုံးကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပြသလေ့ရှိပြီး မန်ဟက်တန်လမ်းမတွေပေါ်မှာလည်း ပရိသတ်ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုလေ့ရှိပါတယ်။ ဒီနှစ်ဟာ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဖြစ်တာ ကြောင့် ပွဲတော်အတွက် ပြင်ဆင်မှုတွေကိုလည်း အကြီးအကျယ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ပွဲတော်ကို နိုဝင်ဘာ ၂၆ ရက် ကြာသပတေးနေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အားပြင်းတဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်လာနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေ ထွက်ပေါ်လာတာကြောင့် စနေနေ့အထိ ရွှေ့ဆိုင်းလိုက် တာပါ။ ဒီပွဲတော်ကို စီစဉ်ကျင်းပတဲ့ Macy’s ကုန်တိုက်ကြီးကလည်း နိုဝင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ပွဲတော်မှာ ပါဝင်သူတွေနဲ့ လာရောက်ကြည့်ရှုမယ့် ပရိသတ်တွေရဲ့ ဘေးကင်းလုံခြုံ ရေးဟာ အရေးအကြီးဆုံးဖြစ်တာကြောင့် မြို့တော်အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ တိုင်ပင်ပြီး အခုလို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မူလက မန်ဟက်တန်မြို့လယ်မှာ သုံးနာရီကြာ လှည့်လည်ကျင်းပမယ့် ဒီပွဲတော်ကို အခုတော့ စနေနေ့ မနက် ၈ နာရီခွဲမှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲတော်လမ်းကြောင်းကတော့ Central Park West ရှိ ၇၇ လမ်းကနေ စတင်ပြီး Herald Square မှာရှိတဲ့ Macy’s ရဲ့ အထင်ကရ ကုန်တိုက်ကြီးအထိ လှည့်လည်သွားမှာ ဖြစ်ပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အမေရိကန်
သတင်း

အမေရိကန်တွင် ဒေါ်လာ ၁ သန်းထီဆု ပေါက်ခဲ့သူကို ICE ဖမ်းဆီး

One News

Nov 26, 2026 13

အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့မှာ ဒေါ်လာ ၁ သန်းထီဆု ပေါက်ခဲ့တဲ့ အယ်လ်ဆာဗေဒိုနိုင်ငံသား အမျိုး သားတစ်ယောက်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့(ICE)က ဖမ်းဆီးလိုက် တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။