ဈေးကွက် • 1 min read
သတင်း

ကြက်သွန်နီလက်ကားဈေး အနည်းငယ် ပြန်ကျ

One News

Nov 20, 2026

ကြက်သွန်နီလက်ကားဈေး အနည်းငယ် ပြန်ကျ
0 Shares
13 Views

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်ရဲ့ နိုဝင်ဘာလ ၂၀ ရက်မှာ ဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေအရ ကြက်သွန်နီ ဈေးနှုန်းတွေဟာ အမျိုးအစားအလိုက် အနည်းငယ်စီ ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာကို အနည်းဆုံးကျပ် ၁၂၀၀၀ ကနေ အများဆုံး ကျပ် ၁၆၀၀၀ အထိရှိခဲ့ရာကနေ နိုဝင်ဘာလ ၂၀ ရက်မှာတော့ တစ်ပိဿာကို အနည်းဆုံး ကျပ် ၁၀၀၀၀ ကနေ အများဆုံး ကျပ် ၁၄၀၀၀ အထိ ရှိနေပြီး တစ်ပိဿာအပေါ် ၂၀၀၀ ကျပ်ဝန်းကျင် ပြန်လည်ကျ ဆင်းလာပါ တယ်။

နိုဝင်ဘာလ ၁၉ ရက်က မြင်းခြံကြက်သွန်နီ လက်ကားတစ်ပိဿာကို အနည်းဆုံးကျပ် ၁၂၅၀၀ ကနေ အများဆုံး ကျပ် ၁၇၀၀၀ အထိ ရှိခဲ့ရာကနေ နိုဝင်ဘာ ၂၀ ရက်မှာ တစ်ပိဿာကို ကျပ် ၁၁၅၀၀ ကနေ အများဆုံး ကျပ် ၁၆၀၀၀ ရှိနေပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာပါတယ်။

တောင်သာကြက်သွန်နီကတော့ နိုဝင်ဘာလ ၁၉ ရက်က လက်ကားတစ်ပိဿာကို အနည်းဆုံးကျပ် ၁၀၀၀၀ ကနေ အများဆုံး  ကျပ် ၁၄၀၀၀ အထိရှိခဲ့ရာကနေ နိုဝင်ဘာ ၂၀ ရက်မှာ တစ်ပိဿာကို အနည်းဆုံး ကျပ် ၇၀၀၀ ကနေ အများဆုံး ကျပ် ၁၀၅၀၀ ရှိကာ တစ်ပိဿာအပေါ် အနည်းဆုံး ကျပ် ၃၀၀၀ ဝန်းကျင်ကနေ အများဆုံး ကျပ် ၃၅၀၀ အထိ ပြန်လည်ကျဆင်းလာပါတယ်။

အခုနိုဝင်ဘာလထဲမှာ မိုးကြက်သွန်တွေ တူးဖော်ရမှာဖြစ်ပေမယ့် ကြက်သွန်စိုက်ပျိုးတဲ့ဒေသတချို့မှာ မိုးဆက် တိုက်ရွာသွန်းခဲ့လို့ တူးဖော်ချိန်နောက်ကျနေချိန်မှာ ပွဲတော်ကာလတွေနဲ့ တိုက်ဆိုင်ခဲ့သလို ဝယ်လိုအားကလည်း မြင့်တက်တာကြောင့် ကြက်သွန်နီအဟောင်းဈေးတွေ ဆက်တိုက် မြင့်တက်နေတာဖြစ်တယ်လို့ ကြက်သွန်နီ ဈေးကွက်ကနေ သိရပါတယ်။ရန်ကုန်လက်လီဈေးကွက်ထဲမှာတော့ ကြက်သွန်နီ တစ်ပိဿာကို အရွယ်အစားပေါ်မူတည်ပြီး ကျပ် ၂၀၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဈေးကွက်
သတင်း

DAP ဓာတ်မြေသြဇာအား ဖြန့်ဖြူးဈေးယှဉ်ပြိုင်စနစ်ဖြင့် တင်သွင်းမည်

One News

Nov 20, 2026 16

DAP အခြေခံ ၁၅ ပတ်လည် ကွန်ပေါင်းဓာတ်မြေသြဇာတွေကို တင်သွင်းနိုင်ဖို့အတွက် ဖြန့်ဖြူးဈေးနှုန်း ယှဉ်ပြိုင် စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။