ဈေးကွက် • 1 min read
သတင်း

ကချင်ပြည်နယ်တွင် ပဲပုပ်ဆီစက်ရုံများ တည်ဆောက်မည်

One News

Nov 19, 2026

ကချင်ပြည်နယ်တွင် ပဲပုပ်ဆီစက်ရုံများ တည်ဆောက်မည်
0 Shares
8 Views

 

ကချင်ပြည်နယ်မှာ ပဲပုပ်ဆီ စက်ရုံတည်ဆောက်ရေးစီမံကိန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဆွေးနွေးနေတယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့(ကချင်ပြည်နယ်ဦးစီးမှူးရုံး)က သိရပါတယ်။
ကချင်ပြည်နယ်က စိုက်ပျိုးထွက်ရှိတဲ့ ပဲပုပ်တွေကို ပြည်တွင်းမှာပဲ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ဖို့အတွက် မြစ်ကြီးနားမြို့နဲ့ မိုးညှင်းမြို့တို့မှာ ပဲပုပ်ဆီ စက်ရုံတွေ တည်ထောင်နိုင်ဖို့ ဆွေးနွေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တစ်ရက်ကို ပဲပုပ်တန်ချိန် တန် ၅၀ ကြိတ်ခွဲထုတ်လုပ်နိုင်မယ့် စက်ရုံတွေ တည်ထောင်ဖို့ ရည်ရွယ်ထားပြီး ပဲပုပ်ဆီ အပြင် တိရစ္ဆာန်အစာ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ပဲဖတ်တွေကိုလည်း ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ 
စီမံကိန်း အကောင်အထည်ဖော်နိုင်ရင် ဒေသတွင်း ပဲပုပ်စိုက် တောင်သူတွေအတွက် ဈေးကွက် ပိုမိုရရှိလာနိုင်မယ့် အပြင် စားသုံးဆီ ထုတ်လုပ်မှုနဲ့ တိရစ္ဆာန်အစာ ထုတ်လုပ်မှုကဏ္ဍတွေကိုပါ ချိတ်ဆက် ဖွံ့ဖြိုးလာစေနိုင်မှာ ဖြစ်ပါ တယ်။

ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုကနေ ဆီကြိတ်ခွဲတာ၊ ပဲဖတ်ထုတ်လုပ်တာနဲ့ ဈေးကွက်ဖြန့်ဖြူးတာအထိ ဒေသတွင်း တန်ဖိုးကွင်းဆက်တစ်ခု တည်ဆောက်နိုင်ရေးက ကချင်ပြည်နယ်ရဲ့ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်း တွေအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ကချင်ပြည်နယ်မှာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညင်းနဲ့ပန်းနှမ်းတို့ စိုက်ပျိုးနေပြီး စုစုပေါင်း စိုက်ပျိုးဧက ၁၀၄,၀၀၀ ကျော်ရှိတဲ့အနက် ပဲပုပ်စိုက်ဧက ၂၅,၂၀၈ ဧက ရှိတယ်လို့ သိရပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဈေးကွက်
သတင်း

ဥရောပအာရှသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်များတိုးမြှင့်ရန် ဆွေးနွေး

One News

Nov 16, 2026 27

ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာ့ပို့ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေတယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံဟာ ဥရောပ အာရှစီးပွားရေးကော်မရှင်၊ ဘုတ်အဖွဲ့ဝင်၊ မေခရို(အကြီးစား)စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနဲ့အဖွဲ့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။