အမေရိကန် • 1 min read
သတင်း

စစ်ရေးဆိုင်ရာ AI ဆုံးဖြတ်ချက်များတွင် လူသားများပါဝင်ရန် ထရမ့် နှင့် ရှီ သဘောတူ

One News

Nov 21, 2026

စစ်ရေးဆိုင်ရာ AI ဆုံးဖြတ်ချက်များတွင် လူသားများပါဝင်ရန် ထရမ့် နှင့် ရှီ သဘောတူ
0 Shares
10 Views

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ AI နည်းပညာကို အသုံးပြုတဲ့အခါ လူသားတွေ မဖြစ်မနေ ပါဝင်ဆုံးဖြတ်ရမယ်ဆိုတဲ့အချက်ကို သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က သောကြာနေ့မှာ ပြောကြားလိုက်တာကို CNBC သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ AI နည်းပညာမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပေမယ့် စစ်ရေးကိစ္စတွေမှာတော့ AI ကို အလိုအလျောက် ဆုံးဖြတ်ခွင့် မပေးဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ထရမ့် နဲ့ ရှီကျင့်ဖျင်တို့ဟာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးအပြီး အမေရိကန်ကို ပြန်ရောက်လာချိန် CNBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ  အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက အခုလို ပြောခဲ့တာပါ။


သူက ဒီသဘောတူညီချက်ဟာ ထရမ့် ရဲ့ အာရှခရီးစဉ်အတွင်း ရရှိခဲ့တဲ့ အရေးကြီးဆုံး အောင်မြင်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။အမေရိကန်ဘဏ္ဍာရေးဝန်ကြီးရဲ့ ပြောကြားချက်အရ အမေရိကန် နဲ့ တရုတ်တို့အကြား AI နည်းပညာ အသာစီးရဖို့ ပြိုင်ဆိုင်မှုတွေ ရှိနေပေမယ့် စစ်ရေးမှာ AI အသုံးပြုမှုဆိုင်ရာ လူသားပါဝင်ရေး နဲ့ လုံခြုံရေးစည်းမျဉ်းတွေကိုတော့ အဲဒီပြိုင်ဆိုင်မှုက ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ အန္တရာယ်ရှိနိုင်တဲ့ AI မော်ဒယ်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတယ်လို့ အမေရိကန်ဘက်က စိုးရိမ်နေပါတယ်။ဒါကြောင့် အမေရိကန် AI သုတေသန ဓာတ်ခွဲခန်းတွေအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အမေရိကန်
သတင်း

APEC ၌ ထရမ့်၏ဩဇာ လျော့ကျနိုင်ဟု စီးပွားရေးပညာရှင် သုံးသပ်

One News

Nov 19, 2026 25

ပြင်သစ်ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် အလီစီယာ ဂါစီယာ-ဟာရဲရိုက အခုကျင်းပနေတဲ့ APEC ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သိပ်ပြီး ထင်ထင်ရှားရှား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။