ရာဇဝတ်မှု • 1 min read
သတင်း

မန္တလေးနှင့်စစ်ကိုင်းတွင် ကျပ် ၅ ဘီလီယံကျော်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

One News

Nov 26, 2026

မန္တလေးနှင့်စစ်ကိုင်းတွင် ကျပ် ၅ ဘီလီယံကျော်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
0 Shares
10 Views

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တို့မှာ ငွေကျပ် ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နဲ့ ဘိန်းဖြူ ၄၈ ကီလိုကျော် သိမ်းဆည်းရမိ တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာလ ၂၈ ရက်၊ ညနေ ၄ နာရီခွဲမှာ သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်နေ မနှင်းနှင်းဦးရဲ့ နေအိမ်ကနေ ဘိန်းဖြူတွေ သိမ်းဆည်းရမိခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှာ ပုသိမ်ကြီးမြို့နယ်နေ မိုးထက်အောင်ကို ယာဉ် ၁ စီး၊ ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ ကွင်းဆက် ဖော်ထုတ်ချက်အရ အမရပူရ မြို့နယ်ရှိ အေးချိုကိုလည်း ဆိုင်ကယ် ၁ စီး၊ ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ဆက်လက်ပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ စောကဲ ဘလူးမူးနဲ့ မဖြူဖြူဝင်းတို့ကို ကလေးမြို့မှာ ဖမ်းမိပြီး မအိအိကျော်နဲ့ ထက်ပိုင်မှူးတို့ကို ပြည်ကြီးတံခွန်မြို့နယ်နဲ့ အောင်ခိုင်စိုး ကို ပြင်ဦးလွင်မြို့ရှိ ဟိုတယ်တစ်ခုမှာ အသီးသီး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းမိသူတွေရဲ့ ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၃ ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်မှာ နောင်နောင် ကို စိတ်ကြွဆေးပြား ၁ သိန်း၊ သုံးဘီးယာဉ် ၁ စီးနဲ့အတူ ဖမ်းမိခဲ့ပြီး စိတ်ကြွဆေးပြားတွေ သယ်ဆောင် ရောင်းဝယ် ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ နောက်ထပ် လေးယောက်ကို ထပ်မံ ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းမြို့ နယ်၊ ညောင်ပင်ဝန်းရွာအနီးနဲ့ အမရပူရမြို့နယ်၊ ရှားတောလေးရွာအနီးတို့မှာလည်း မူးယစ်ဆေးတွေ ပို့ဆောင်ဖို့ သိုဝှက်သိမ်းဆည်းထားသူတွေနဲ့ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူတွေကို ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိမှု ဖြစ်စဉ်တွေကနေ ငွေကျပ် ၅ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉ ဒသမ ၅ သိန်းနဲ့ ဘိန်းဖြူတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ရာဇဝတ်မှု
သတင်း

အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃၀၀ ကျော် ဖမ်းမိ

One News

Nov 24, 2026 37

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား ၃၂၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။