ပြည်ထောင်စုအဆင့် အသေးစား ၊ အငယ်စားနဲ့ အလတ်စား (MSME) ထုတ်ကုန်ပြပွဲ နဲ့ ဈေးရောင်းပွဲတော်မှာ MSME လုပ်ငန်းရှင်တွေအတွက် သက်ဆိုင်ရာ စီးပွားရေးချိတ်ဆက်မှုတွေကို ဆောင်ရွက်ပေးသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၈ ရက်ကနေ ၁၂ ရက်အထိ နေပြည်တော်ရှိ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပွဲတော်ကာလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်း ဖွင့်လှစ်ထားမှာပါ။ အဲဒီပြခန်းကနေ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ဖြစ်စေမဲ့လုပ်ငန်းစဉ်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေက MSME လုပ်ငန်းတွေ၊ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ Promotin Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်း တွေ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေနဲ့ လက်လီလက်ကားရောင်းချသူတွေ အချင်းချင်း ချိတ်ဆက်တဲ့လုပ်ငန်းစဉ် တွေကို ချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။၊အလားတူ ဘဏ်တွေနဲ့ချိတ်ဆက်ရမဲ့လုပ်ငန်းစဉ်တွေ အကောက်ခွန်ဦးစီးဌာနနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အကြား လုပ်ငန်းစဉ်တွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးသံမှူး တွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးနိုင်မဲ့ဝန်ဆောင်မှုတွေ၊ မူပိုင်ခွင့်ဆိုင်ရာ သိသင့်သိထိုက်တာတွေနဲ့ ကုန်စည်ပြပွဲနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေပါ ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ဖြစ်ချင်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက MSME စီးပွားရေးလုပ်ငန်း ရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နိုင်ဖို့အတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်း မှာ သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာ၊ ဆွေးနွေးတာတွေ ဆောင်ရွက်နိုင်တယ်လို့ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။




