လာမဲ့ မတ် ၂၇ ရက်မှာ ကျရောက်မဲ့ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပါဝင်ချီတက်စစ်ရေးပြ ကြမဲ့ စစ်ရေးပြ စစ်ကြောင်းကြီးတွေဟာ မတ် ၂၅ ရက်၊ ညနေပိုင်းက နေပြည်တော် စစ်ရေးပြကွင်းမှာ ဝတ်စုံပြည့် စစ် ရေးပြ လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။စစ်ရေးပြလေ့ကျင့်မှုမှာ လေအိတ်ပုလွေတပ်စု၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ဂုဏ်ပြုမြင်းစီး တပ်ခွဲ၊ ယန္တရားစစ်ကြောင်းတွေ၊ စစ် ကြောင်း (၇) ကြောင်းမှ အရာရှိ၊ စစ်သည်တွေ၊ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဟာ စုရပ်ဖြစ်တဲ့ သစ်တပ်ကွင်းမှ စစ်ရေးပြ ကွင်းကြီးကို တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့ နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့တွေရဲ့ တီးခတ်မှုနဲ့ အတူ စစ်ချီသီချင်းတွေကို အားမာန်အပြည့်အဝနဲ့ သီဆိုပြီး ညီညာစွာ ချီတက်ကာ စစ်ရေးပြအခမ်းအနား အစီအစဉ် တွေ အတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြပါတယ်။

စစ်ရေးပြ လေ့ကျင်နေမှုတွေကို နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ အတူ ကော်မရှင် အတွင်းရေးမှူး ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာ လင်း နဲ့ တပ်မတော် အရာရှိကြီးတွေ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာ ရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း နဲ့ တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဦးစွာ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ အဖွဲ့ဝင်တွေဟာ အလံတော်အဖွဲ့ နဲ့ စစ်ရေးပြစစ်ကြောင်းတွေ၊ ယာဉ်ယန္တရားတွေရဲ့ စစ်ရေးပြ ကွင်းအတွင်း ချီတက် ဝင်ရောက်နေရာယူမှုတွေ၊ အခမ်းအနားကို တက်ရောက်ကြမဲ့ ဧည့်သည်တော်ကြီးတွေအတွက် ထိုင်ခုံနေရာ ချထား မှုတွေ၊ မြင်းစီးတပ်ခွဲ နဲ့ အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း ဝင်ရောက်နေရာယူမှုတွေကို ကြည့်ရှုစစ်ဆေး ပါတယ်။ဆက်လက်ပြီး တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်တွေရဲ့ အချိန်ကိုက် အုပ်ဖွဲ့ ပျံသန်းလေ့ကျင့်မှုတွေ၊ အလံ တော် အဖွဲ့ နဲ့ စစ်ကြောင်တပ်ခွဲတွေရဲ့ ဝတ်စာဆင်ယင်မှုဆိုင်ရာတွေ၊ စစ်ရေးပြအလံတွေ၊ စစ်ရေးပြလက်နက် ငယ်တွေ နဲ့ စစ်ဝတ်တန်ဆာတွေ ပြင်ဆင်ထားရှိမှု ၊ စစ်ရေးပြတပ်ခွဲ အသီးသီးရဲ့ စစ်ရေးပြလှုပ်ရှားမှုတွေ နဲ့ ဂုဏ်ပြု အမြောက် တပ်ဖွဲ့တို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါတယ်။




