ဒေသတွေအတွင်း လိုအပ်တဲ့အရာတွေကို ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားအောင် ရက်(၁၀၀)စီမံချက်နဲ့ ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

ဇန်နဝါရီ(၂၂)ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ တာပါ။အဲဒီတွေ့ဆုံပွဲမှာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော် ကိုယ်စား လှယ်လောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လူထု အနေနဲ့ တကယ်လိုအပ်နေတာတွေနဲ့ အခက်အခဲဖြစ်နေတဲ့ အချက်အလက်တွေကို လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို တင်ပြဆောင်ရွက်နိုင်ပြီး ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရရှိရင် ကြိုတင်ရေးဆွဲထားတဲ့ ရက် (၁၀၀)စီမံချက်နဲ့ တိုးတက်ပြောင်းလဲသွားအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ နိုင်ငံတော်အခြေအနေအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကျောချင်းကပ် ရင်ချင်းကပ်ပြီး ဆောင်ရွက်မဲ့ပါတီကို ရွေးချယ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။အဲဒီတွေ့ဆုံပွဲမှာ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း၊ ဧရာဝတီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲအများဆုံးသူ အနိုင်ယူစနစ်(FPTP) ကိုယ်စားလှယ်လောင်း ဦးထိန်လင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) ကိုယ်စားလှယ်လောင်း ဦးပြုံးချို၊ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်လှိုင်၊ တိုင်း ဒေသကြီးလွှတ်တော် (PR) ကိုယ်စားလှယ်လောင်း ဦးမင်းမင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောလင်းခယ်နဲ့ ငပုတောမြို့မှာ ဝင်ရောက်ယှဥ်ပြိုင်မဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။




