တရုတ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်-၁ ဆင်နာနဲ့ ကမ္ဘာ့အဆင့်-၃ အယ်ကာရက်ဇ်တို့ ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ ဆင်နာနဲ့ အယ်ကာရက်ဇ်တို့ဟာ ပြိုင်ဘက်တွေကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာခဲ့ကြတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံသား ဆင်နာကတော့ ဆီမီးဖိုင်နယ်ပွဲအဖြစ် ကမ္ဘာ့အဆင့်-၉၆ မှာ ရပ်တည်နေတဲ့ တရုတ်တင်းနစ်သမား ယန်ချော့ကီတီနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ယန်ချော့ကီတီရဲ့ လက်စွမ်းကောင်းကြောင့် ဆင်နာအနိုင်ရဖို့ကို တော်တော်လေးကြိုးစားခဲ့ရပါတယ်။
ပွဲကစားချိန် (၂)နာရီနဲ့ (၇)မိနစ်အကြာ ယှဉ်ပြိုင်ပြီး နောက်မှာ ဆင်နာက (၆း၃၊၇း၆)ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာခဲ့တာပါ။
နောက်ထပ် ဆီမီးဖိုင်နယ်ပွဲမှာတော့ အယ်ကာရက်ဇ်က ရုရှားနိုင်ငံသား မက်ဗီဒက်ဗ်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ပထမပွဲလတ်မှာကတည်းက အပြန်အလှန်ရမှတ်တွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့တဲ့ အယ်ကာရက်ဇ်တို့ ပွဲစဉ်က ပွဲကစားချိန် ၁ နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး ပွဲအပြီးမှာတော့ အယ်ကာရက်ဇ်က (၇း၅၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။