တိုင်ဖွန်း ကရာသွန်ချဉ်းကပ်လာနေတာကြောင့် ပင်လယ်ပြင်မှာ သင်္ဘောကိုစွန့်ခွာလာရတဲ့ သင်္ဘောသား(၁၉) ယောက်ကို အင်္ဂါနေ့မှာ တရုတ်(တိုင်ပေ)က ရဟတ်ယာဉ်နဲ့ ကူညီကယ်ဆယ်ပေးခဲ့ရပါတယ်။
အဲဒီသင်္ဘောသားတွေဟာ တရုတ်နိုင်ငံကနေ စင်ကာပူနိုင်ငံကို ခုတ်မောင်းနေတဲ့ ကုန်တင်သင်္ဘောတစ်စင်း ဖြစ်တယ်လို့ တရုတ် (တိုင်ပေ)က ပြောပါတယ်။
ဘေးဒုက္ခတွေ့ခဲ့တဲ့ သင်္ဘောသားတွေကို တရုတ်(တိုင်ပေ)ရဲ့ ကမ်းလွန် ဩချစ်ကျွန်းမှာ ယာယီနေရာချထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်(တိုင်ပေ)ဟာ တိုင်ဖွန်းမုန်တိုင်းတွေရဲ့ဒဏ်ကို နှစ်စဉ်ပုံမှန်လို ရင်ဆိုင်ရလေ့ရှိပြီး အဲဒီတိုင်ဖွန်းတွေဟာ ကျွန်းရဲ့ တောင်ထူထပ်ပြီး လူနေကျဲပါးတဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်လေ့ ရှိတတ်ပါတယ်။
အခု တိုင်ဖွန်းကရာသွန်ကတော့ ကျွန်းရဲ့ အနောက်ပိုင်းက မြေပြန့်လွင်ပြင်အထိ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းရပါတယ်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း လောက်မှာ ကရာသွန်ဟာ ကောင်ရှုံမြို့ကို စတင်ဝင်ရောက်ပြီး အဲဒီနောက် တရုတ်တိုင်ပေ အလယ်ပိုင်းကို ဖြတ်ကျော်ကာ အရှေ့မြောက်ဘက်ကိုဦးတည်ရင်း အရှေ့တရုတ်ပင်လယ်ဘက်ကို ဆက်သွားမယ်လို့ ခန့်မှန်းထား ကြပါတယ်။
တိုင်ဖွန်း ကရာသွန် ချဉ်းကပ်လာနေတဲ့အတွက် တရုတ်(တိုင်ပေ)မှာ တိုင်ဖွန်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မုန်တိုင်းလမ်းကြောင်းတိုက်ရိုက်ကျတဲ့နေရာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေပါတယ်။