Polytechnic University ဖွင့်ပွဲတွေကို နေပြည်တော်အပါအဝင် မြို့နယ်(၅)မြို့နယ်မှာ နိုဝင်ဘာ(၂၁)ရက်က တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့တဲ့ မြို့နယ်တွေကတော့ နေပြည်တော်၊ ကျိုင်းတုံ၊ ပင်လုံ၊ မြိတ်၊ ထားဝယ်နဲ့ မအူပင်မြို့တွေ ဖြစ်ပါတယ်။
Polytechnic University ဆိုတာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နဲ့ အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်တွေကို ဘွဲ့ကြို သင်တန်းတွေသာမက ဘွဲ့လွန်သင်တန်းတွေအထိ လက် တွေ့ကျကျ လေ့ကျင့်သင်ကြားမှုတွေအပြင် လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်သင်ကြားပို့ချပေးတဲ့ တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။
ပိုလီတက္ကနစ်တက္ကသိုလ်တွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က ကျောင်းသား၊ ကျောင်းသူတွေရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် လက်တွေ့ကျတဲ့ပညာရေးကို သင်ကြားပို့ချတာတွေ၊ ခေတ်မီနည်းပညာနဲ့ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အထူးအလေးထားဆောင်ရွက်တာတွေ စတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်မှာလိုအပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာကျွမ်းကျင် တတ်မြောက်တဲ့ ဘွဲ့ရတွေ မွေးထုတ်ပေးတာတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ပူးပေါင်းဆောင်ရွက်ရတဲ့ (Real World Project)တွေ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ လုပ်ငန်းခွင့်အတွေ့အကြုံတွေရရှိနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ(၂၁)ရက်က နေပြည်တော် Polytechnic University ဖွင့်ပွဲနဲ့အတူ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကိုလည်း ကျင်းပခဲ့ တယ်လို့ သိရပါတယ်။