အောက်တိုဘာလ ၂ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ တရုတ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ကမ္ဘာ့ အဆင့်-၃ အယ်ကာရက်ဇ်က ကမ္ဘာ့အဆင့်-၁ ဆင်နာကို အနိုင်ယူပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။
အယ်ကာရက်ဇ်နဲ့ ဆင်နာတို့ပွဲက (၃)နာရီခွဲနီးပါး ကြာမြင့်ခဲ့သလို ပွဲကြည့်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ဆင်နာက လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့သလို အယ်ကာရက်ဇ်ကလည်း ကမ္ဘာ့အဆင့်-၁ ကို အနိုင်ရဖို့အတွက် အစွမ်းရှိသမျှ ကြိုးစားသွားခဲ့တာကို တွေ့ရပါတယ်။
ပွဲအပြီးမှာတော့ အယ်ကာရက်ဇ်က (၆း၇၊၆း၄၊၇း၆)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တရုတ်အိုးပင်းချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။
အသက် ၂၁ နှစ်နဲ့ ရက်ပေါင်း ၁၅၀ သာ ရှိသေးတဲ့ အယ်ကာရက်ဇ်ဟာ အေတီပီတင်းနစ် ဗိုလ်လုပွဲစဉ်တစ်ခုမှာ ကမ္ဘာ့အဆင့်-၁ ကစားသမားကို အနိုင်ယူနိုင်တဲ့ အသက်အငယ်ဆုံး တင်းနစ်သမားလည်း ဖြစ်ခဲ့ပါတယ်။
အခုပွဲရလဒ်ကြောင့် အယ်ကာရက်ဇ်ဟာ ဆင်နာနဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့ ၁၀ ကြိမ်မှာ ၆ ကြိမ်နိုင် ၄ ကြိမ်ရှုံးရလဒ်နဲ့ အသာရတဲ့ မှတ်တမ်းတစ်ခုကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အယ်ကာရက်ဇ် ဟာ ၂၀၂၄ အတွင်း ဆင်နာနဲ့ ထိပ်တိုက်ဆုံတဲ့ ၃ ကြိမ်စလုံး အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ရယူသွားနိုင် ခဲ့ပါတယ်။