တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဆင်နာဟာ ဒုတိယအဆင့်ကို တက်သွားခဲ့ပါတယ်။
ကမ္ဘာ့အဆင့်-၁ မှာရပ်တည်နေသလို အခုလအစောပိုင်းကမှ ယူအက်စ် အိုးပင်းချန်ပီယံဆုကို ရယူထားခဲ့တဲ့ဆင်နာဟာ တရုတ်အိုးပင်း ပထမအဆင့်မှာ ချီလီနိုင်ငံသား ဂျာရီနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
ပထမပွဲလတ်မှာ ဂျာရီက အနိုင်ရခဲ့တာကြောင့် ဆင်နာအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒုတိယပွဲလတ်မှာ နိုင်ပွဲပြန်ရခဲ့လို့သာ မျှော်လင့်ချက် ဆက်ရှိခဲ့တာဖြစ်ပါတယ်။
တတိယပွဲလတ်မှာတော့ ဆင်နာရဲ့လက်စွမ်းက အပြတ်အသတ်အသာရခဲ့ပြီး ပွဲအပြီးမှာတော့ ဆင်နာက (၄း၆၊၆း၃၊၆း၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။
ဒုတိယ အဆင့်မှာ တော့ ဆင်နာဟာ ရုရှားတင်းနစ်သမား ဆာဖီအူလင်နဲ့ ဆွစ်ဇာလန် ဝါရင့် ဝေါ်ရင်ကာတို့ရဲ့ ပထမအဆင့်ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။