ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် ၂ စီးရဲ့ ဧရာခင်းမင်္ဂလာအခမ်းအနားကို မတ် ၈ ရက်က ရန်ကုန်မြို့၊ သန် လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းမှာ ကျင်းပပြုလုပ်ပါတယ်။
အဲဒီ အခမ်းအနားမှာတော့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်နှစ်စီးတို့ရဲ့ ဧရာ နဲ့ Frame တို့ကို စက်ခလုတ်နှိပ် ဂဟေတွဲဆက်ကာ ရေယာဉ်တည်ဆောက်မှု လုပ်ငန်းတွေကို စတင်ပေးခဲ့ပြီး ဧရာ ခင်း မင်္ဂလာကြေးပြားတွေ နဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေကို မင်္ဂလာအမွှေးနံ့သာရည်တွေနဲ့ ပက်ဖျန်းပေးခဲ့ပါ တယ်။

ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ အဖွဲ့ဝင်တွေဟာ ရေယာဉ်တည်ဆောက်မှု လုပ်ငန်းစဉ် အဆင့်ဆင့် နဲ့ တည်ဆောက်ခဲ့မှု ဓာတ်ပုံပြခန်းနဲ့ ရေလုံ လွန်းကျင်း အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူတွေရဲ့ တင်ပြချက်တွေအပေါ် လိုအပ်တာတွေ လမ်းညွှန်မှာကြားခဲ့ပါတယ်။ရေတပ်သင်္ဘောကျင်းဌာနချုပ်ရဲ့ သင်္ဘောကျင်းစီမံကိန်းကို အဆင့်သုံးဆင့်နဲ့ စတင်တည်ဆောက်ခဲ့ပြီး စစ်ရေယာဉ် တွေ၊ ဌာနဆိုင်ရာပုဂ္ဂလိကရေယာဉ်တွေကို တည်ဆောက်ပြုပြင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့ကာ တတိယ အဆင့်စီမံကိန်းကိုတော့ ၂၀၁၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဒီနေ့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းမှာ အရွယ်အစား ကြီးမားတဲ့ စစ်ရေယာဉ်ကြီးတွေ တည်ဆောက်နိုင်မဲ့ အပြင် တန်ချိန် ၄၀၀၀၀ တင်ဆောင်နိုင်တဲ့ ကုန်သွယ်ရေယာဉ် တစ်စီး ဒါမှမဟုတ် စစ်ရေယာဉ် ကြီး နှစ်စီးတို့ကို တစ်ပြိုင်နက်တည်း တည်ဆောက်တာ ဒါမှမဟုတ် လွန်းတင်ပြင်ဆင်တာတွေကို ဆောင်ရွက်နိုင် မှာ ဖြစ်သလို စစ်ရေယာဉ်ကြီးတွေ ကုန်တင်ရေယာဉ်ကြီးတွေ ကွန်တိန်နာတင်ရေယာဉ်ကြီးတွေကို တည်ဆောက် ပြုပြင်နိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံ့ရေကြောင်းအကျိုးစီးပွား နဲ့ နိုင်ငံ့ရေကြောင်း စွမ်းအားတို့ကို ပိုမိုမြှင့်တင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြု ဆောင်ရွက်လာနိုင် မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။




