ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကို လာမဲ့နိုဝင်ဘာ (၁၀)ရက်ကနေ (၁၄)ရက်အထိ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းရေပြင်မှာ ပြုလုပ်မှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ရေကြောင်းလုံခြုံရေးအတွက် ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းတွေနဲ့ လက်နက်လေ့ကျင့် ပစ်ခတ်တာ တွေ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းဧရိယာမှာ Point A အဖြစ် မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B အဖြစ် မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ် ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ် ၊ Point C အဖြစ် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D အဖြစ် မြောက် လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စတဲ့ ကိုဩဒိနိတ် အမှတ်တွေ ဆက်ဆွဲ ထားတဲ့ ဧရိယာတွေ သတ်မှတ်ထားရှိတာ ဖြစ်ပါတယ်။

အဲဒါကြောင့် လေ့ကျင့်ခန်းဆောင်ရွက်နေစဉ်ကာလမှာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ သတ်မှတ်ထားတဲ့ ဧရိယာက နေ ၅ မိုင်ပတ်လည်ကို သင်္ဘောကြီး/ငယ်တွေ၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာနဲ့ ငါးဖမ်းကိရိယာတွေ ချထားတာ မရှိစေဖို့နဲ့ လေယာဉ်၊ရဟတ်ယာဉ်တွေအနေနဲ့ အမြင့်ပေ တစ်သောင်းငါးထောင်အောက် ဖြတ်ကျော်ပျံသန်းတာ မပြုကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။




