လက်ရှိ မျိုးဆက် နဲ့ နောင်မျိုးဆက်သစ်တွေအတွက် ပိုမိုကြံ့ကြံ့ခံနိုင်ပြီး တက်ကြွကာ ပြည်သူကို ဗဟိုပြုတဲ့ ဘင်းမ်စတက် အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားကြဖို့ တိုက်တွန်းအပ်တယ်လို့လည်း နိုင်ငံတော်သမ္မ တကြီး ဦးမင်းအောင်လှိုင်က ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ဇွန်လ ၆ ရက်က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ ၊ နည်းပညာ နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) ရဲ့ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ မင်္ဂလာအခါသမယမှာ မိမိအနေနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ နဲ့ ပြည်သူတွေ ကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအစိုးရတွေ၊ ပြည်သူတွေ နဲ့ ဘင်း မ်စတက် အတွင်းရေးမှူးရုံး တို့ကို နွေးထွေးစွာ နှုတ်ခွန်းဆက်သပြီး ဆုတောင်းမေတ္တာ ပို့သအပ်တယ်လို့ ဆိုပါ တယ်။ဘန်ကောက်ကြေညာစာတမ်းက တစ်ဆင့် ပေါ်ပေါက်လာတဲ့ ဘင်းမ်စတက် အဖွဲ့ကြီးဟာ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှု နဲ့ မိတ်ဖက်စိတ်ဓာတ်ဆိုတဲ့ အခြေခံမူတွေကို လိုက်နာပြီး ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နဲ့ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို အရှိန်အဟုန်မြှင့်တင်ဖို့အတွက် အရေးပါတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်နေတယ် လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။နှစ်ဆယ့်ကိုးနှစ်တာ ကာလအတွင်း ဘင်းမ်စတက်အဖွဲ့ဟာ အဖွဲ့အစည်းဆိုင်ရာ မူဘောင်တွေကို ခိုင်မာစေဖို့ နဲ့ ဦးစားပေးကဏ္ဍဆွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်ဖို့အတွက် မြဲမြံစွာ ဆက်လက်ဆောင်ရွက်နိုင်ခဲ့ ကာ စုပေါင်းအားထုတ်မှုတွေဟာ အဖွဲ့အစည်းရဲ့ ထိရောက်မှုကို မြှင့်တင်ပေးရုံ သာမက ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာစေခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

လာမဲ့နှစ်မှာ ဘင်းမ်စတက်အဖွဲ့ တည်ထောင်မှု နှစ် (၃၀) ပြည့်မြောက်မှာ ဖြစ်ရာ မိမိတို့ အနေနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်သုံးသပ်ပြီး ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်သွားရမှာ ဖြစ်ကာ ဘင်းမ်စတက်အဖွဲ့ကို မိမိတို့ရဲ့ ပြည်သူတွေအတွက် လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေကို ဖော် ဆောင်ပေးနိုင်တဲ့ ပိုမိုထိရောက်တဲ့ ရလဒ်ကို အခြေခံတဲ့ တုံ့ပြန်မှု အားကောင်းတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း တစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မိမိတို့ အတူတကွ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက် တွန်းတယ်လို့လည်း သဝဏ်လွှာထဲမှာ ပါရှိပါတယ်။ဒါ့အပြင် ဘင်းမ်စတက် အထိမ်းအမှတ်နေ့ဟာ မိမိတို့ ဒေသအတွင်းရှိ ကြီးမားတဲ့ အလားအလာတွေ နဲ့ အဲဒီ အလားအလာတွေကို အသုံးချရာမှာ ညီညွတ်မှုရဲ့ အရေးပါပုံကို သတိပြုမိစေဖို့ နှိုးဆော်ပေးတဲ့ အချိန်အခါ သမ ယပင် ဖြစ်တယ်လို့လည်း သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။တောင်အာရှ နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဘင်းမ်စတက်အဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန် ၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အဖြစ် မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန် နဲ့ နီပေါ တို့ ပါဝင်ပါတယ်။




