မန္တလေးငလျင်ကြီး(၁)နှစ်ပြည့် အခမ်းအနားကို မတ် ၂၈ ရက်၊ နေ့လယ်ပိုင်းက နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁)မှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ပါတယ်။ဦးစွာ မန္တလေးငလျင်ကြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေနဲ့ တက်ရောက်လာတဲ့ ဧည့်သည် တော်တွေက တစ်မိနစ် ငြိမ်သက်ခဲ့ပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားပါတယ်။အဲဒီနောက် မန္တလေးငလျင်ကြီးတုံ့ပြန်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းတွေကို နိုင်ငံတာ်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့က အမှတ်တရဂုဏ်ပြုတံဆိပ်တွေ ပေးအပ်ခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု တစ်နှစ်ပြည့် မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပါတယ်။
ဆက်လက်ပြီးတော့ နိုင်ငံတာ်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေဟာ မန္တလေးငလျင်ကြီး(၁)နှစ်ပြည့် အထိမ်းအမှတ်ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၈၀၀) ကျော်ရှိပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ လမ်းတံတား၊ နေအိမ်တိုက်တာ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။




